အိုင်ကွန် အဆင့်မြင့်ကွန်ပျူတာသင်တန်းမှ ကြိုဆိုပါတယ်....

Thursday, February 21, 2013

ဖုန်းဝင်လာလျှင် Video ဖြင့်ပေါ်သော ဆော့ဖ်ဝဲ

ဖုန်းဝင်လာလျှင် Video ဖြင့်ပေါ်သော ဆော့ဖ်ဝဲလေးပါ။ ပုံမှန်မြင်နေကျ ဖုန်းလာရင်မြင်ရမယ့် ပုံသေအစား ကိုယ်ကြိုက်တဲ့ Video ထားလို့ရပါတယ်... ဖုန်းနံပါတ်တစ်ခုကို ဗီဒီယိုတစ်ခုလည်း ထားလို့
ရပါတယ်... ကဲ​စမ်းသုံးကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ယူလိုက်ပါဗျာ။
ပုံ၁ တွင်ပြထားသော မီးနူးပေါ်လာအောင် ညာဘက်အပေါ်ထောင့်မှ ဂွပုံလေးကိုနှိပ်ပါ။ ပေါ်လာသော မီနူးထဲမှ Activate Services ကိုအမှန်ခြစ်ဖွင့်ပေးပါ။ Default Video တွင်နှိ
ပ်ပါ။
ပုံ ၂ တွင်ပြထားသော မီးနူးပေါ်စေရန် ဒုတိယမြောက်စက်ရုပ်ပုံတွင်နှိပ်ပါ။ ပေါ်လာသောမီနူးထဲမှ Select video file ကိုရွေးပါ။ ဒါဆိုရင် ဗီဒီယိုဖိုင်ထည့်ဖို့အတွက်ရွေးခိုင်းပါလိမ့်မယ့် ကိုယ်ထည့်ချင်တဲ့ ဗီဒီယိုကိုရွေးပါ။ ရွေးပြီးသွားပြီဆိုရင် ဖုန်းလာတဲ့အခါမှာထည့်ထားတဲ့ ဗီဒီယိုပေါ်လာမှာဖြစ်ပါတယ်။ အဲ ကိုယ်လိုချင်တဲ့နေရာကနေ ဗီဒီယိုကိုစလာစေချင်တယ်ဆိုရင်တော့ ပုံ ၂ အှာပြထားတဲ့မီးနူးထဲမှMore Options ကိုရွေးပါ။ ဒါဆိုရင် ပုံ ၃ မှာပြထားသလို Video နေရာရွေးလို့
ရမယ့် ဘောက်စ်ပေါ်လာပါမယ်။ ကိုယ်ထားချင်တဲ့နေရာကိုရွေးပြီးတော့ Set မှာနှိပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဖုန်းဝင်လာလို့ ဗီဒီယိုပေါ်လာပြီဆိုရင် ကိုယ်သတ်မှတ်ထားတဲ့နေရာကနေစပေါ်လာတာကို တွေ့ရပါမယ်။
အဲမှာတစ်ခါတစ်လေဖြစ်တတ်တာက ဖုန်းဝင်လာရင်အသံမထွက်ဘဲရုပ်ဘဲလာနေတာမျို
းဖြစ်တတ်ပါတယ်။ အဲလိုဖြစ်နေရင်တော့ ပုံ ၁ မှာပြထားတဲ့အထဲမှ Sound မှာနှိပ်ပါ။ ပြီးရင် ပုံ ၄ မှာပြထားသလိုဖြစ်အောင်ပြင်ပေးပါ။ ဒါဆိုရင် အသံပြန်ထွက်လာပါလိမ့်မယ်။ ကဲအားလုံးအဆင်ပြေကြပါစေဗျာ.....

No comments :

Post a Comment

လိုအပ်ချက်များကိုပြင်ဆင်နိုင်ရန် Comment ပေးခြင်းဖြင့်ကူညီပေးပါ....

Template by:

Free Blog Templates