အိုင်ကွန် အဆင့်မြင့်ကွန်ပျူတာသင်တန်းမှ ကြိုဆိုပါတယ်....
Showing posts with label ဖုန်းသတင်း. Show all posts
Showing posts with label ဖုန်းသတင်း. Show all posts

Wednesday, May 22, 2013

ကဲ လာပြန်ပါပြီ Note III တဲ့ဗျာ... :)

ကဲ လာပြန်ပါပြီ Note III တဲ့ဗျာ... :)
S4 မှပေါ်တာမကြာသေးဘူး။ Note III ရဲ့ Concept ပုံထွက်လာပါပြီဗျာ။ ကဲလေ့လာကြည့်လိုက်ပါဦးဗျာ..

Tuesday, May 21, 2013

JAS မြန်မာဖုန်း


JAS မြန်မာဖုန်းထွက်ရှိလာပြီး ယခုပုံပါဖုန်းမှာ JAS 5S Model အမျိုးအစားဖုန်းဖြစ်ပြီး Android OS Version 4.0.4 ကို အသုံးပြုထားပါတယ်။ Camera အနေနဲ့ Front Camera 0.3 MP ကို အသုံးပြုထားပြီး Back Camera မှာ 5.0 MP ဖြစ်ပါတယ်။ Processor အနေနဲ့ 1.0GHz + Mtk6575 အသုံးပြုထားပါတယ်။ screen အရွယ်အစားမှာ သင့်လျော်တဲ့ 4.3″ အရွယ်အစားရှိတဲ့အတွက် အသုံးပြုရတာ အဆင်ပြေစေမှာပါ။ Memory အနေနဲ့ 512MB + 4 GB ပါရှိပါတယ်။ OS- JAS Myanmar Feel Software (မြန်မာခံစားမှုဆော့ဝဲလ်) ကိုအသုံးပြုထားတဲ့အတွက် ဖုန်းတစ်ခုလုံးကို မြန်မာဘာသာနဲ့ အသုံးပြုရမှာပါ။ အရေးပေါ်အခြေအနေတွေအတွက် 199 ကို တိုက်ရိုက်ခေါ်ဆိုနိုင်တဲ့ စနစ်ကို ထည့်သွင်းပေးထားပါတယ်။ ဖုန်းအသုံးပြုနည်းလမ်းညွှန်ကို မြန်မာဘာသာနဲ့ အသေးစိတ် စုံလင်စွာ ရေးသားပေးထားတဲ့အတွက် ဖုန်းကို မသုံးတတ်မှာ မပူရပါဘူး။ Application များ Game များ Download ရယူနိုင်ရန်အတွက်လဲ မြန်မာဘာသာနဲ့အသုံးပြုနိုင်မယ့် Software များကို JAS ပျံကျဈေးမှာ Download ရယူနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအနေနဲ့ 99000 ကျပ်ဟု သိရှိရပါတယ်။
Specifications
Version- 4.0.4
Processor
Camera 5.0 MP/ 0.3 MP
Memory- 512MB + 4 GB
Display – 4.3′ (800*480)
20130520_145830
20130520_145850
20130520_145914
20130520_150304
20130520_150417
20130520_150850
Credit to MMAS

Thursday, May 2, 2013

မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom စတင်ဖွင့်လှစ်မည်...

huawei


မြန်မာနိုင်ငံ၏ ပထမဦးဆုံးအဖြစ် Huawei Showroom ကို မေလ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး

မြန်မာတစ်နိုင်ငံလုံးအနှံ့ Showroom အများအပြားကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူကပြောသည်။ “ရန်ကုန်မြို့မှာချည်းပဲ Showroom (၂၀) ကို ယခုနှစ်အတွင်း ဖွင့်လှစ်သွားနိုင်ဖို့ စီစဉ်ထားပါတယ်။ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ အချက်အချာမြို့ကြီးတွေမှာ ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ Branded Shop အဖြစ် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်” ဟု Huawei မှတာဝန်ရှိသူကပြောသည်။ အသစ်ဖွင့်မည့် Huawei Showroom တွင် Handset များအပြင် Huawei Media Pad နှင့် MBB (Mobile Broad Band) များလည်း ၀ယ်ယူရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။ Huawei အနေဖြင့် ပြည်တွင်း မိုဘိုင်းအရောင်းကုမ္ပဏီများနှင့် ပူးပေါင်း၍ Huawei ၀န်ဆောင်မှုစင်တာများကို မြန်မာနိုင်ငံအနှံ့ မြို့ကြီးများတွင် ဖွင့်လှစ်ရန်ဆောင်ရွက်နေကြောင်း သိရသည်။ ပြည်တွင်း မိုဘိုင်းအရောင်းကုမ္ပဏီများနှင့်ပူးပေါင်း၍ Huawei ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ဆောင်ရွက်ပေးရာ၌ တရားဝင်တင်သွင်းသော ထုတ်ကုန်များအတွက်သာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ Huawei ထုတ်ကုန်များမှာ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ကျော်ကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။ လက်ရှိ စတင်ဖွင့်လှစ်တော့မည့် Huawei Showroom များတွင် Huawei တံဆိပ်နှင့်ပတ်သက်၍ ထုတ်ကုန်များကို သီးသန့်ရောင်းချသွားခြင်းဖြစ်ကြောင်း မေလ ၅ ရက် နေ့တွင် ရန်ကုန်မြို့၌ဖွင့်လှစ်မည့် Huawei Showroom တွင်လည်း Huawei ၏ နောက်ဆုံးပေါ်မော်ဒယ်ဖြစ်သည့် D2 နှင့် Mate များအား အရေအတွက် အကန့်အသတ်ဖြင့် ရောင်းချပေးသွားမည်ဟု Huawei မှ တာဝန်ရှိသူကဆိုသည်။ အဆိုပါ Showroom ကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းရှိ ရွှေပြည်အေးကွန်ဒိုတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်က Huawei Smart Phone (၃၆) သန်းအား တစ်ကမ္ဘာလုံး နေရာအနှံ့အပြားသို့ ရောင်းချနိုင်ခဲ့ပြီး မြန်မာနိုင်ငံမှ ၀ယ်လိုအား (၁) သန်းရှိခဲ့ကြောင်း သိရသည်။
Credit to INTERNET Journal

Sunday, March 31, 2013

ငွေကျပ် နှစ်သောင်းတန်ဖုန်းကဒ်များ ဧပြီ ၅ရက်နေ့ စတင် ချပေးမည်

မတ်လ ၂၉ရက်နေ့ မနက်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များ ရောင်းချရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ ငွေ ကျပ် နှစ်သောင်းတန် ဖုန်းကဒ်များကို လာမည့် ဧပြီ ၅ရက်နေ့တွင် စတင်ရောင်းချပေးမည် ဖြစ်ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

ယင်း အစည်းအဝေးတွင် ဝန်ထမ်းများအနေနှင့် အရစ်ကျ သွင်းထားသည့် ငွေကျပ်နှစ်သိန်းတန်ဖုန်းများအား ထပ်မံသွင်းရန် မလိုတော့ ကြောင်း၊ ယင်းတို့အနေနှင့် တစ်လတစ်သောင်းနှုန်းဖြင့် ခြောက် လသွင်းထားကြောင်း၊ ယခုအခါ ယင်းငွေကို ဆက်လက်ပေးသွင်းရန် မလို တော့ကြောင်း ယင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။မုံရွာမြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းတစ်ဦးက “ဝမ်းသာလိုက်တာ၊ ခြောက်လပဲ သွင်းရသေးတယ်။ အခု ထပ်မသွင်း ရတော့ ဘူးဆိုတော့ ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။

ယင်းညှိနှိုင်းအစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လက်ရှိ ၂၀၁၃ခုနှစ်မှ ၂၀၁၅အထိ တယ်လီဖုန်းသုံးစွဲမှုမြင့်မားစေရန် လိုင်းပေါင်း ၂၆သန်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် လိုင်းကျပ်ခြင်းများ မရှိစေရန်အတွက်လည်း ကြိုတင်ပြင်ဆင်သွားရန် ရှိကြောင်း သိရသည်။

တန်ဖိုးနည်း မိုဘိုင်းလ်ဖုန်း Sim Card များကို ဧပြီလမှ စတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တစ်လလျှင် Sim Card (၃၅ဝဝဝဝ)နှုန်း စဉ်ဆက်မပြတ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ယင်းသို့ ဖြန့်ဖြူးရောင်းချပေးရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ၏ အစီအမံဖြင့် ရောင်းချ ပေးမည်ဖြစ်ပြီး Sim Card များကို စုဆောင်းဝယ် ယူ၍ ဈေးကွက် လက်ဝါးကြီးအုပ်မှု မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်ရောင်း ချမည့် အစီအစဉ်၊ လက်ရှိအခြေအနေနှင့် နောင် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်တို့ကို မီဒီယာများမှတဆင့် စဉ် ဆက် မပြတ် အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်အရ သိရသည်။
Myawady News

Saturday, March 16, 2013

SAMSAUNG Galaxy S4 ထွက်ပြီ...

Samsung Galaxy S4 ကို တရားဝင်ထုတ်ဖော်ပြသပြီးသွားပါပြီ။ ဧပြီလ၂၆ ရက်နေ့ဆိုရင် စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ 

ပုံစံ အရွယ်အစား
ယခင် Samsung Galaxy S3 ထက်ကြီးပါတယ်။ ၅ လက်မ မျက်နှာပြင် ဆိုတော့ တော်တော်လေးကြီးပါတယ်။ Samsung Galaxy Note 2 တောင် ၅.၅၅ လက်မပဲ ရှိတာ ဘာမှ သိပ်မကွာတော့ပါဘူး။ S pen သာပါရင် Note လို့တောင်ဆိုရမလို ဖြစ်ပါတယ်။ တိတိကျကျကတော့ 5.38 x 2.71 x 0.31 လက်မ ပတ်လည် ဖြစ်ပါတယ်။

အလေးချိန်
အလေးချိန်က ၄.၆ အောင်စ ရှိပါတယ်။ ပလက်စတစ် ဘော်ဒီကိုပဲ ပြန်သုံးထားပါတယ်။ ရည်ရွယ်ချက်က အပူသက်သာပြီး ဘက်ထရီနဲ့ memory card အဖြုတ်အတတ်လွယ်ကူအောင်လို့ဆိုပါတယ်။ မျက်နှာပြင် ၅ လက်မ Full HD Super AMOLED ကို သုံးပါတယ်။ resolution အားဖြင့် 1,920x1,080 pixels,  441ppi  ရှိပါတယ်။

ကင်မရာ
ကင်မရာ 13 megapixel တောင်ရှိပါတယ်။ Samsung တို့ထုံးစံအတိုင်း ကင်မရာအတွက် Feature ဟောင်းများအပြင် အသစ်များလည်း ပါဝင်လာပါမယ်။ ရှေ့ ကင်မရာက 2 megapixel အထိတောင် ရှိသွားပါတယ်။ 

Processor
Processor1.9GHz quad-core Snapdragon Fusion Pro သို့မဟုတ် 1.6GHz octa-core Exynos 5 Octa ပါဝင်ပါတယ်။ အရင် S3 က 1.5 GHz ပဲရှိခဲ့တာ ဖြစ်ပါတယ်။

Memory and Storage 
16GB, 32GB, 64GB သုံးမျိုး ရှိပြီး 64GB အထိ ထပ်းတိုးနိုင်ပါတယ်။ RAM ကတော့ 2GB ပါပဲ။ 

ဘက်ထရီ
၂၆၀၀ mAh ရှိပြီး S3 ထက် ၅၀၀ တောင်တိုးလာပါတယ်။ Power usage ပိုသက်သာပြီး အရင် Samsung Galaxy စီးရီးအားလုံးထက် ပိုအသုံးခံမယ့် ဘက်ထရီဖြစ်တယ်လို့ ဆိုပါတယ်။

Connectivity
NFC, 4G, Wi Fi , Bluetooth တို့ပါဝင်ပါတယ်။ မြန်မာပြည်မှာဆိုရင် GSM သုံးလို့အဆင်ပြေပါမယ်။ Samsung ကနေ CDMA အတွက်ထုတ်တဲ့ ဖုန်းက နည်းပါတယ်။ Galaxy Amazing တို့လို ခပ်ရှားရှားဖုန်းမှာသာ CDMA ရခဲ့ပြီး ယခု Samsung Galaxy S4 ကတော့ GSM ပဲရနိုင်အုံးမှာ ဖြစ်ပါတယ်။ 

ထူးခြားဆန်းသစ်မှုများ
Eye control tech လို့ခေါ်ရမလားပါပဲ။ ဗီဒီယိုကြည့်နေရင်း မျက်စိက မျက်နှာပြင်မဟုတ်တဲ့ အခြားတစ်နေရာကို ရောက်သွားရင် အလိုအလျောက် ခဏရပ် Pause ပေးတယ်လို့ ဆိုပါတယ်။ စာဖတ်တဲ့အခါ လက်နဲ့ Scroll လုပ်စရာ မလိုပဲ မျက်လုံးကနေ အောက်ကိုဆွဲကြည့်သွားရင် အလိုအလျောက် Scroll လုပ်တယ်လို့ ဆိုပါတယ်။ ကင်မရာကို တော်တော်လေး နည်းပညာ အဆင့်မြင့်ထားပါတယ်။ S translation App တို့လိုဟာ ပါဝင်လာမယ်လို့ ဆိုပါတယ်။ Google Translate လိုပါပဲ။ ဝင်သမျှ၊ ဖတ်သမျှ စာကို ကိုယ်စိတ်ကြိုက်ဘာသာသို့ ပြောင်းလဲပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာစာတော့ ဘာအုံးမှာ မဟုတ်ပါဘူး။ Google Translate မှာတောင် မပါသေးတာ Samsung မှာ ပါဖို့ကျ လိုပါသေးတယ်။ ကင်မရာမှာဆိုရင်လည်း dubbed Dual Shot and Dual Recording တို့အပြင် picture-in-picture modes တို့လည်းပါဝင်ပါတယ်။ Samsung Store နဲ့တိုက်ရိုက်ချိတ်ပြီး S4 အတွက် သီးသန့်လုပ်ထားပေးတဲ့ App and Feature တွေကိုလည်း ထပ်မံပေါင်းထည့်နိုင်ပါသေးတယ်။ Hand free access တို့လည်းပါဝင်ပြီး ကားမောင်းနေရင်း ဖုန်း ဖြေတာတို့၊ပြောတာတို့ အသုံးပြုလို့ရပါမယ်။ အရင် Samsung Galaxy တွေမှာပါခဲ့သလိုပဲ လေမှာ ဝေ့ရမ်းလိုက်ရုံနဲ့ Answer Buttom ကိုနှိပ်ပြီးသား ဖြစ်နေတာတို့လည်းပါဝင်အုံးမှာပါ။

ဈေးနှုန်း
ဈေးနှုန်းကတော့ တရားဝင်မကြေညာထားသေးပါဘူး။ သေချာတာကတော့ iPhone 5 ထက်ဈေးသက်သာနေအုံးမှာပါလို့ ခန့်မှန်းထားကြပါတယ်။ Samsung Galaxy S3 က မြန်မာပြည်မှာ ၄ သိန်းအောက်နဲ့ ရနေပါပြီ။ ယခု Samsung Galaxy S4 ရဲ့  တန်ဖိုးက S3 ထွက်တုန်းကလို ၄၅၀ ဝန်းကျင်မဟုတ်တောင် ၆၀၀ USD ဝန်းကျင်ထက် မပိုနိုင်ဘူးလို့ ခန့်မှန်း ထားကြပါတယ်။ Google Nexus ဖုန်းကလည်း ထွက်အုံးမယ်ဆိုတော့ ပြိုင်ဘက်တွေကြားမှာ S4 ကိုဈေးတင်မှာ မဟုတ်ပါဘူး။ ဧပြီလ ၂၆ ရက်နေ့ထွက်မယ့် S4 နဲ့ ပက်သက်လို့ ဓာတ်ပုံနဲ့ သတင်း အသေးစိတ် သိချင်ရင်အောက်ပါလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 
http://www.samsung.com/global/microsite/galaxys4/
Credit to Techspace

Friday, March 15, 2013

sim card များကို ၂၀၀၀ နှင့် ၅၀၀၀ကျပ်ဖြင့် ရောင်းမည်။

မြန်မာ့ဆက်သွယ်ရေးမှ ဆင်းကဒ်ဖုန်းများကို ဧပြီလ၁ရက်နေ့ စတင်ကာ ရောင်းချပေးတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။ GSM ဆင်းကဒ်ကို ကျပ်နှစ်ထောင်နှင့်လည်ကောင်း၊ WCDMA ကျပ် ငါးထောင်နှင့် လည်ကောင်း ရောင်းချပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ အတွင်းသတင်းရရှိထားခြင်း ဖြစ်သည်။ ပုဂ္ဂလိက ဖုန်းဆိုင်များတွင် ယခုလ ၂၇ရက်နေ့ စတင်ကာဖြန့်ဝေသွားမည် ဖြစ်သည်။ ယင်းအတွက်ကြောင့် ပြည်တွင်း ဟန်းဆက်ဈေးကွက်မှာ ဈေးတက်လျှက်ရှိနေသည်။
သတင်း - မန်းသားလေး / ဧရာဝတီ 
ဧပြီလ ၁ ရက်နေ့မှ စတင်ပြီး မိုဘိုင်းဖုန်း ဆင်းကဒ်များကို ကျပ်ထောင် ဂဏန်းဝန်းကျင်ဖြင့် ရောင်းချပေးမည့် သတင်းမှန်ကန်ကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က အတည်ပြုပြောကြားခဲ့ပါသည်။
Eleven Media Group

Tuesday, March 12, 2013

တယ်လီဖုန်း SIM card များကိုငွေကျပ်ထောင်ဂဏန်းဖြင့်သာရောင်းချ မည်ဟုဦးစိုးသိန်းဆို

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာ နယ်အချို့တွင်ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကပြောသည်။ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။

Wednesday, February 13, 2013

Samsung Galaxy Note 2 နှင့်ပုံစံတူ ThL အမျိုးအစားမိုဘိုင်းဖုန်း ဟန်းဆက်များ ဈေးကွက် ဝင်ရောက်လာ


မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် ဈေးနှုန်းသက်သာကာ အင်တာနက် အသုံးပြု စနစ်ပိုင်းများတွင် ကောင်းမွန်မြန်ဆန်သော Samsung Galaxy Note 2 နှင့်ပုံစံတူ ThL အမျိုးအစားမိုဘိုင်းဖုန်း ဟန်းဆက်များ ဈေးကွက် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ အဆိုပါ ThL ဟန်းဆက်များမှာ ဖုန်းတွင်းစနစ်ပိုင်းများနှင့် ဖုန်းတည်ဆောက်ပုံ ဒီဇိုင်းပိုင်းများ၊ CPU စနစ်များတွင် ကောင်းမွန်မြန်ဆန်သည့် အပြင် အင်တာနက် အသုံးပြုရာ၌လည်း မြန်ဆန်ကောင်းမွန်ကြောင်း သိရသည်။ ThL ဟန်းဆက်များထဲမှ ThL W7, ThL N7100, ThL N7300 ဖုန်းများမှာ လူကြိုက်များလျက်ရှိပြီး ဖုန်း၏ ပုံစံဒီဇိုင်းနှင့် အရည်အသွေးပိုင်းများတွင်လည်း ကောင်းမွန်ပြည့်စုံကြောင်း သိရသည်။ ThL W7 ဖုန်းမှာ Dual Core CPU စနစ်ဖြစ်ပြီး ဖုန်း၏ Screen အရွယ်အစားမှာ ၅.၇ လက်မရှိသော ဖုန်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် N7100 မှာလည်း Dual Core CPU, Screen Size 5.5 လက်မရှိပြီး N7300 မှာ Dual Core CPU, Screen Size 5.7 လက်မရှိကြောင်း သိရသည်။ ၎င်းဖုန်း သုံးမျိုးစလုံးမှာ Capacitive Touch Screen ဖုန်းများဖြစ်ပြီး High Defination HD Screen များဖြစ်ကြောင်း သိရသည်။ GSM 3G ကွန်ရက်စနစ်သုံး ဖုန်းများဖြစ်ပြီး GSM မိုဘိုင်းဖုန်း အင်တာနက်စနစ်အပြင် WiFi စနစ်ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းတွင်း မှတ်ဉာဏ်စနစ် ပိုင်းများတွင်လည်း ဖုန်းသုံးခုစလုံးမှာ 1GB RAM နှင့် 4GB ROM စနစ်များ ဖြစ်သည့်အပြင် မှတ်ဉာဏ်ထပ်တိုး အသုံးပြုခြင်း အတွက်လည်း Micro SD Card 32 GB ထိ ထပ်တိုး အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဖုန်းတွင်း Multimedia စနစ်ပိုင်းများနှင့် ကင်မရာစနစ်ပိုင်းများ၊ အခြားဖုန်းတွင်း အသုံးပြု စနစ်ပိုင်းများတွင်လည်း ပြည့်ပြည့်စုံစုံ ထည့်သွင်းပါဝင်ကြောင်း သိရသည်။ အဆိုပါ ဖုန်းများမှာ ဈေးနှုန်းအားဖြင့် ကျပ်တစ်သိန်းကျော်သာ ဖြစ်သောကြောင့် အသုံးပြုသူများ အနေဖြင့်လည်း ဈေးနှုန်းသင့်တင့်စွာဖြင့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ဆယ်သွယ် စုံစမ်းလိုသူများအနေဖြင့် 450 မိုဘိုင်းဖုန်း အရောင်းဆိုင် ဖုန်း 0973034433 တွင် ဆက်သွယ် စုံစမ်းနိုင်မည်ဖြစ်သည်။

ဖုန်းဆင်းကတ်များကို အများပြည်သူအလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည


ဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချပေး မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။ယင်းသို့ ဆင်းကတ်ရောင်းမည့် အချိန်ကိုအတိအကျ ပြောဆိုသော် လည်း ပြည်သူများသိချင်နေကြသော ဆင်းကတ် ဈေးနှုန်းအတိ အကျကိုမူ ပြည်ထောင်စု ဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။”ဈေးနှုန်းကိုတော့ ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ဒီထက် လည်း လျော့သွားနိုင်သလို နည်းနည်းလည်း အပြောင်းအလဲ ရှိသွားနိုင်တယ်။ ဒါကြောင့် အခုနေအခါမှာ ဈေးနှုန်းပြောလလိုက်လို့ အပြောင်းအလဲရှိသွားခဲ့ရင် ဘယ်ကောင်း မလဲ”ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ပြည်သူတို့ အလွယ်တကူ ဝယ်ယူနိုင် မည့်ဈေးနှုန်းတစ်ခု ဖြစ်လိမ့် မည့်အကြောင်း ဦးစိုးသိန်းက ကတိပြုပြောသည်။ အစိုးရက ကျပ်နှစ်သိန်းတန်ဖုန်းများ ရောင်းချနေစဉ်တွင် ရွှေပြည်တံခွန် ကုမ္ပဏီက ကျပ် ၅ဝဝဝ တန်ဖုန်းများ ရောင်းချပေးမည်ဟု ပြောဆိုခဲ့ဖူးပြီး ဆက်သွယ်ရေးလုပ်ငန်း၌ အော်ပရေတာ အဖြစ်ရွေးချယ်ခံရပါက …ဖုန်းဆင်းကတ်နှင့် အင်တာ နက်လိုင်းများကို အခမဲ့ ပေးသွား မည်ဟု Red Link ကုမ္ပဏီကလည်း ဖေဖော်ဝါရီ ပထမပတ်အတွင်းက ကြေညာခဲ့သည်။”မူကိုက တကယ်ကျသွား အောင်ကို လုပ်ရမယ်လေ။ အခု ဟာက ဆက်သွယ်ရေးက အမှုကို တာဝန်ရှိသူတွေ စစ်ဆေးနေတော့ ဖုန်းရောင်းချမယ့် ကိစ္စကို လတ် တလော မလုပ်နိုင်သေးတာ” ဟု ဦးစိုးသိန်းက ဆက်ပြောသည်။ဆက်သွယ်ရေးသတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က အများဝမ်းမြောက်ဝမ်းသာဖြစ် မည့် ဈေးနှုန်းတစ်ခုဖြင့် ဖုန်းများ ရောင်း ချပေးမည့်အကြောင်း ဇန်နဝါရီလ အတွင်းက ပြောကြားခဲ့သည်။
Credit to: Popular Myanmar News Journal

Sunday, February 3, 2013

GSM ဖုန်းတစ်ကဒ်ထဲကို ဖုန်းနှစ်လုံးဖြင့်အသုံးပြုခြင်း...

GSM တွေအတွက်ပါ ...
ကျွန်တော်တို့  ဖုန်းကဒ် တစ်ခုကို ယူပါ ..
ပုံမှန်တိုင်း ဘဲ စက်ကိုဖွင့်လိုက်..
ဒါဆို တစ်ခြား ဘက်ထရီ တစ်ခု ကိုယူထားနော်...
ဖုန်း ကို အဖုန်းကို ဖွင့်လို က်... ဓာတ်ခဲကို ထုတ်ရင် ဖုန်းပိတ်သွားမှာဖြစ်တယ်ဗျ...
အဲ့အတွက် တစ်ခြား ဘက်ထရီ တစ်ခုံးနဲ့  ကြိုးလေးနဲ့ ချိတ်ပြီး ဖုန်းတည်းက ဘက်ထရီ ခေါင်းလေးနဲ့ ချိတ်လိုက်ပါ..
ပြီးရင် ဖုန်းတည်းမှာ ထည့်သုံးထားတဲ့  ဘက်ထရီကို ဖြည်းဖြည်း ချင်းထုတ်လိုက်ပါ..
ဖုန်းပိတ်မသွားပါဘူး ..
ဘာလို့ လဲဆိုတော့ နောက်ဘက်ထရီ တစ်ခုနဲ့  ချိတ်ထားပြီးသားမို့ ပါ... အဲ ဖုန်း က ကဒ်မရှိတော့ဘူးနော်.. ဒါပေမဲ့ ဆက်လို့ ရပါသေးတယ် ပါဝါမပိတ်မချင်းဆက်လို့ ရပါတယ်...
ပါဝါပိတ်လိုက်ပြီး ပြန်ဖွင့်ရင်မရတော့ဘူးနော်... အကြောင်းကတော့ ...
ဖုန်း ကဒ်တည်းက ကုတ်တွေပာာ ဖုန်းတည်းမှာ ဆက်လက် လုပ်ဆောင်နေသေးလို့ ပါ...ဘဲ။။။
ဖုန်းကဒ်ကို ဖုန်း ဘက်ထရီနောက်မှာထားရတဲ့ ရည်ရွယ်ချက်က အဲ့အချက်ကို ကာကွယ်ချင်လို့ ပါဘဲ ...
အဆင်ပြေပါစေဗျာ.. နောက်ပိုင်း ကျွန်တော် ဒီထက်ကောင်းတဲ့ပာာလေး တွေတင်ပေးချင်ပါသေးတယ်...
ဆိုးတာက မအားသေးလို့ သီးခံပေးကြပါခင်ဗျာ အားလုံးအဆင်ပြေနိုင်ကြပါစေ ......

ဗဟုသုတဖြစ်တင်ပေးခြင်းဖြစ်ပါတယ်..တစ်ကယ်လက်တွေ့တော့မစမ်းဘူးသေးပါ.. :)
 Credit to : newstarmobile

Friday, February 1, 2013

မိုဘိုင်းဖုန်းနှင် ဆက်စပ်သော စိတ်ရောဂါသစ် တွေ့ရှိ

ရယ်စရာ မဟုတ်ပါဘူး။ တကယ် ရောဂါ စစ်စစ်ဖြစ်ပါတယ်။ ဟန်းဖုန်း မရှိတော့ တာမျိုး၊ ဟန်းဖုန်း ပါဝါကုန်သွားတာမျိုး၊ ဟန်းဖုန်း ဘေလ်ကုန် သွားတာ မျိုးကျရင် စိတ်ဓာတ်ကျဆင်းမှုနဲ့ အခြား မအီမသာ ခံစားချက် တစ်ခု ဖြစ်ပေါ်ပြီး ယင်းစိတ်ရောဂါကို Nomophobia လို့ အမည်ပေး ထားပါ တယ်။အရှည်ခေါ်ကတော့ no-mobile-phone phobia ဖြစ်ပါတယ်။ ဖုန်း ပါဝါ ကုန်သွားလို့ ဘက်ထရီအားမဖြည့်ရသေးတာမျိုး၊ ဖုန်းဘေလ်ကုန်သွားလို့ စိတ်ညစ်ရတာမျိုးကတော့ တော်များများ တွေ့ကြုံရပါတယ်။ နောက် တစ်နေရာရာ သွားတဲ့အခါ ဖုန်းမေ့ခဲ့တာတို့၊ ဖုန်းပျောက်သွားတာ တို့ ဖြစ်ရင် လည်း ပိုဆိုးတဲ့ စိတ်ခံစားချက် တစ်ခုကို ရပါတယ်။ ပြီးတော့ အသံတစ်ခုခု ကြားတာနဲ့ မက်ဆေ့ခ်ျဝင်တယ်၊ ဖုန်းလာ တယ်လို့ ထင်နေရာကလည်း ယင်း Nomophobia စိတ် ရောဂါ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ဖုန်းရဲ့  လူ့ဘဝ လုပ်ငန်းဆောင်တာမှာ ပါဝင်တဲ့ အစိတ်အပိုင်းက ကြီးမား လာပြီး စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးကို လွမ်းမိုးလာတာမျိုးတို့ ဖြစ်တတ်ပါ တယ်။ ဖုန်းမရှိရင်၊ဖုန်းလေးမှ မဆက်ရရင် အထီးကျန်တယ်လို့ ထင်မြင် လာတတ်ကြပြီး ဖုန်းကိုအခြေပြုလို့ နေထိုင်မှုများ ပြုလုပ်ပါတယ်။ Nomophobia ရဲ့  နောက်ဆက်တွဲကတော့ အထီးကျန်တယ်လို့ ခံစားရတဲ့ စိတ်ရောဂါ အခြေအနေ တစ်ခုသို့ ရောက်ရှိနိုင်စေတယ်လို့ လေ့လာသူတို့က ဆိုထားပါတယ်။

Credit to : Techspace Blog

Thursday, January 31, 2013

မိုဘိုင်းဆင်းကတ်ဈေး နှစ်သောင်းကျပ် ဖြစ် မဖြစ်

မိုဘိုင်းဆင်းကတ်ဈေး နှစ်သောင်းကျပ် ဖြစ် မဖြစ် ဆက်သွယ်ရေးအရှုပ်တော်ပုံ ရှင်းပြီးမှ သိမည်။ လတ်ေတလာဖြစ်ပွားနေသာ ဆက်သွယ်ရေးအရှုပ်တော်ပုံကို ရှင်းလင်းပြီး မှသာ တန်ဖိုးနည်းမိုဘိုင်းဆင်းကတ်ဈေးကို သိရှိမည်ဟု သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။တန်ဖိုးနည်းမိုဘိုင်းဆင်းကတ် ဈေး နှုန်းနှင့်ပတ်သက်၍ ပထမအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအေဝးတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းသန်းက ယခုနှုန်းထားထက်များစွာသက်သာသည့် နှုန်းဖြင့် ဝန်ဆောမငှ်ုပေးမည်ဟု ပြောကြားပြီးနောက်တွင် ဆင်းကတ်ေ ဈး နှစ်သောင်းကျပ် သတ်မှတ်မည်ဆိုသည့် သတင်းများ ပြည်သူများကြားတွင် ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့သည်။ယင်းနှင့်ပတ်သက်၍ ပြည်ထောစင်ု ဝန်ကြီးက ”မူလ ထက် အများကြီး ဈေးလျှော့သွားမယ်လို့ ပြောနိုတင်ယ်။ ”အခုက အေဖြမထွက်သေး တာ။ အရင် သူတို့ရဲ့ အရှုပ်ထုပ်ကို ရှင်းနေတယ်။ ပြီးမှရမှာပေါ့။ တချို့ ကလည်း သူတို့ဖြစ်ချတင်ာကို လျှောက်ပြောနေတယ်။ ဌာနေတွကို လည်း နည်းနည်းစစ်နေတယ်။ အ ရကင် အမြတ်ကြီးစားထားတာတွေ ကိုပေါ့။ ဖုန်းဈေးကို ဘယ်လောက်နဲ့  လျှော့ပေးနိုတင်ယ်ဆိုတာ ညှိနှိုင်းပြီး ရင် ပြည်သူတွေအတွက် လုပ်ပေး သွားမှာပါ”ဟု ပြောသည်။ဆင်းကတ်ဈေး နှစ်သောင်း ကျပ်နှင့် ပတ်သက်၍ မြန်မာ့ဆက် သွယ်ရေး မှ အကြီးတန်းအရာရှိတစ် ဦးအား မေးမြန်းခဲ့ရာ ဒုတိယဝန် ကြီး ပြောကြားသည့်အတိုင်းသာ သိရှိကြောင်းဖြေကြားခဲ့သည်။ဆင်း ကတ်ဈေးနှင့်ပတ်သက်၍ အတိအကျ မေပြာနိုင်သေးသလို ရောင်းချ ပေးမည့် အချိန်ကိုလည်း ”သိပ် မကြာနိုဘင်ူးလို့ ပြောလို့ရတယ်။ ခဏေတာ့စောင့်ရမယ်။ ဘာကြောင့် လဲဆိုတော့ ဈေးနှုန်းညှိနေတာေ ကြာင့် ပါ”ဟု ဦးစိုးသိန်းက ပြောသည်။ မည်သို့ပင်ဖြစ်စေ သမ္မတက ဖုန်းဈေးနှုန်းကို ကျပ်တစ်သိန်း အောက်လျှော့ချရန်ညွှန်ကြားခဲ့ခြင်း နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကယခုနှုန်းထားထက် များစွာသက်သာသည့်နှုန်း ဖြစ်မည် ဟုပြောခဲ့ခြင်းကြောင့် နှစ်သောင်း ကျပ်သာရှိမည်ဆိုသည့် သတင်းကို အိပ်မက်ဟုမေပြာနိုင်ေ ကြာင်း ဈေး ကွက်ကျွမ်းကျသင်ူ တစ်ဦးက သုံး သပ်သည်။ မိုဘိုင်းဖုန်း ဆားဗစ် ကျွမ်းကျသင်ူ ကိုစည်သူက ”ကျပ် ငါးသောင်းလောက် အေနအထား ဖ်ြရစင်တောင် ရန်ကုန် မှာရှိတဲ့ ဝန် ထမ်းတွေ၊ အေခြခံလူတန်းစား အနည်းအကျဉ်း ဖုန်းကိုင်နိုပင်ါပြီ။ ဒီ ထက်ဈေးနှုန်းလျှော့မယ်ဆိုရင်တော့ နိုငင်ံတကာနှုန်းမဖ်ြရစင်တောင် လူ တိုင်းနီးပါး ဖုန်းကိုင်နိုမငှ်ာပါ”ဟု ပြောသည်။

Template by:

Free Blog Templates