အိုင်ကွန် အဆင့်မြင့်ကွန်ပျူတာသင်တန်းမှ ကြိုဆိုပါတယ်....
Showing posts with label ရယ်မောစရာများ. Show all posts
Showing posts with label ရယ်မောစရာများ. Show all posts

Thursday, October 31, 2013

Huawei Firmware ပြန်တင်ချင်လို.ပါ.. :)

မည်သူတစ်ဦးတစ်ယောက်ကိုမှမရည်ရွယ်ပါ

huawei firmware ပြန်တင်ချင်လို.ပါ
ဗျာ ရှစ်ထောင်
မြန်မာနိုင်ငံရဲ.နံမည်ကြီးမြန်မာ websiteတွေမှာ freeရတယ်လေ
တင်နည်းတောင်တစ်ခါတည်းမြန်မာလိုရေးထားသေး
ဘာခတ်တာမှတ်လို. ဒေါင်းလို.ရလာတဲ. zipဖိုင်ကိုဖြည် အထဲကdload
ဆိုတဲ. folderလေးကိုsd cardထဲကိုcopyကူးထည်. အပေါင်းအနုတ် ပါဝါကိုဇုံနှိပ်
သူ.ဟာသူအလုပ်လုပ်သွားလိမ်.မယ် ဒါလေးက်ုရှစ်ထောင်တောင်တောင်းတယ်
ဘာroot လုပ်ပေးအုံးမှာဟုတ်လား ဒါလဲမခတ်ပါဘူး ပေါက်ဖော်ကြီးရေးထားတဲ.
Vroot Erootတို.ရှိတာပဲကိုဒါလဲမခတ်ပါဘူး
ဟင်းဟင်း အထာလေးတွေရှိသေးတယ်ဟုတ်လား
usb debugging unknown source onဖို.ပြောမလို.မလား
ဒါလဲရေးထားပြီးသား
ဟောပြောပြန်ပြီ ကွန်ပျူတာပေါ်ကလိုအပ်ချက်ဟုတ်လား
driver တင်ရမှာကိုပြောတာမလား driver တွေများပုံလို.
ဘယ်ကခေါ်ဒေါင်းဒေါင်း
တော်တော်ရှည်တဲ.လူ ဒါတွေအကုန်လုံးကိုကိုယ်.ဟာကိုလုပ်မှအလွန်ဆုံးသုံးနာရီပေါ.
အင်တာနက်ဖိုးကုန်လှ ၅၀၀ထဲကျမှာကို
ခင်ဗျားတို.မို.ရှစ်ထောင်တောင်းတယ် လွန်လွန်းတယ်
တော်ပြီကိုယ်.ဟာကိုပဲလုပ်တော.မယ်
ခင်ဗျားမှာcomputer၇ှိလို.လား ဟုတ်လား
ဒီခောတ်က itခောတ်ဗျ computerဆိုတာလူတိုင်းမှာရှိတယ်သိလား
ဟင်းပြောကိုမပြာချင်ဘူးဗျာ ခင်ဗျားတို.ဖုန်းပြင်တဲ.လူတွေခတ်တယ်
ကဲကဲပြောနေကြာတယ်အခုပဲသွားလုပ်လိုက်အုံးမယ်
သွားပြီဗျို.
(အသဲထဲကနာတယ် ဘာကိုနာလို.နာရမှန်းလဲမသိဘူး ဟိဟိ)

Credit to Ko Myo Ko Ko Zaw

Thursday, September 5, 2013

မိုဘိုင်းဖုန်း ဘေလ် သက်သာရန် နည်းလမ်း

Missed Call ပေးပါ 
ပြောပြနေစရာတောင် မလိုပါဘူး။ အားလုံးသိကြမှာပေါ့။ Missed Call ပေးခြင်းဖြင့် ဖုန်းဘေလ် သက်သာ စေနိုင်ပါတယ်။ ဟိုဘက်က ဘာလို့ Missed Call ပေးလည်းမေးရင် ဖုန်းခေါ်တာ မကိုင်လို့ နောက်မှပြန်ခေါ် မလို့ပါ လို့ အတည်ပေါက်နဲ့ ပြောလိုက်ပေါ့။ အချို့ လည်း လုပ်နေကြမှာပါ။ ပြောနေရင်း ဖုန်းချပါပြောနေရင်းဖုန်းချလိုက်ပေါ့။ တစ်ဖက်က ဘာလို့ဖုန်းချလည်းမေးရင် ဖုန်းက ရုတ်တရက်ကျသွားလို့ပါပေါ့။ ဟုတ်ဘူးလား။ အသံမကြားရလို့ပါ ဘာညာပေါ့။ တစ်ခါတစ်လေကျ ကြားနေရင်တောင် မကြားချင်ယောင်ဆောင်ပြီး ဟယ်လို ဟယ်လိုနဲ့ချလိုက်ပေါ့။ (လုပ်နေကျ အကွက်လေးတွေလေ ) 

Message မပို့ပါနဲ့ 
အချို့  က ဖုန်းမပြောပဲ စာပို့တာ သက်သာတယ်လို့ ထင်ကြတယ်။ အမှန်တော့ အဲဒါက ပိုကုန်တာ။ တစ်စောင်ကို ၂၅ ကျပ်လေ။ မဖြစ်မနေ ပို့ရမယ်ဆိုရင်တောင် တစ်စောင်တည်းနဲ့ ၁၀ ရက်လောက် ခွဲပြောရမယ့် ဟာတွေကို တစ်ခါတည်း စုသာရေးပစ်။ Character အလုံး ၁၆၀ တောင် ပေးသုံးတာပဲ။ ပြီးတော့ ကြုံမှပြောလိုက်ပေါ့။ ၁၀ ရက်စာ စုရေးထားတာမို့ ၁၀ ရက်အတွင်း ပြောစရာရှိရင် ခများကပဲ အရင်စဆက်ပါလို့လေ။ 

အင်တာနက် မသုံးပါနဲ့ 
လည်နေတာကြည့်ပြီး တရားမှတ်တာထက် မြေကသိုဏ်းဖြစ်ဖြစ်၊ မိုးပြာရောင် ကသိုဏ်းဖြစ်ဖြစ် ကြည့်ပြီး တရားမှတ်တာ ပိုကောင်းပါတယ်။ ခုက အားလုံးသိတဲ့အတိုင်း အင်တာနက်က သိပ်မလွယ်သေးဘူးလေ။ ဒီတော့ အင်တာနက် Data Connection ကိုမဖွင့်လေကောင်းလေပါပဲ။ ( အင်တာနက်ဖွင့်ပြီး စာပို့ချင်သပဆိုရင် ပို့ချင်တဲ့သူကို What’s app ဖွင့်ခိုင်း၊ (ဒါကတော့ အတည်ပါ) အဲဒါနဲ့ကျ အင်တာနက်လိုင်းမကောင်းလဲ စာအဝင်အထွက် တော်တော်မြန်တယ်လေ)

ရည်းစားမထားပါနဲ့ 
ရည်စားရှိတဲ့သူတွေရဲ့  ဖုန်းဘေလ် ကုန်ချက်က အံ့မခန်းပါပဲတဲ့။ အချို့ ကျတော့လည်း ကောင်မလေး တွေက ပိုကုန်တယ်လို့ ပြောကြပြီး အချို့ ကျတော့လည်း ကောင်လေးတွေဘက်က ဖုန်းဘေလ်ကုန်ကြောင်း ဆိုပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် လက်ခုတ်က နှစ်ဖက်တီးမှ မြည်တာ။ ဖုန်းဘေလ်အကုန်မခံနိုင်ရင် ရည်းစားမထားတာ အကောင်းဆုံး ပါပဲတဲ့။ 

ဖုန်းပါဝါပိတ်ထားပိတ်ထားပါ 
အကောင်းဆုံးပဲလေ။ ညဘက်ဗိုက်ဆာတတ်သူတွေရဲ့  အကောင်းဆုံး ဖြေရှင်းနည်းက အိပ်လိုက်တာပဲ။ အိပ်ပျော် သွားရင် ဗိုက်မဆာတော့ဘူး။ ခုလဲ အဲ့လို့ပဲပေါ့။ ဖုန်းဘေလ် လုံးဝ မကုန်ချင်ဘူးဆိုရင် ဖုန်းသာ ပါဝါ ပိတ်ထားပစ်။ ဒါဆို မကုန်တော့ဘူး။ 

ဖုန်းမကိုင်ပါနဲ့တော့
အားလုံးထက် အကောင်းဆုံး နည်းလမ်းပေါ့ဗျာ။ မူလနှစ်ဖြာ အဝိဇ္ဇာ  နဲ့ တဏှာ ကြောင့် ဘဝဆိုတာ ဖြစ်လာတာလေ။ ဘဝလောကီ ကိစ္စပျက်ချင်ရင် အဲဒါဖြတ်ပေါ့။ ခုက ဖုန်းဘေလ်အကုန်မခံချင်ပါဘူး။ ဖုန်းဘေလ် ကုန်ကျစရိတ် မသုံးနိုင်ပါဘူးဆိုရင် အကောင်းဆုံးကတော့ ဖုန်းလုံးဝ မကိုင်ပါနဲ့တော့။

မဝယ်ပါနဲ့တော့...
ဒါဆိုရင် ဖုန်းဘေလ် လုံးဝ မကုန်တော့ပါဘူး။ အားလုံးအဆင်ပြေဖို့ ရေးသား မျှဝေ လိုက်ရပါတယ်။ 

(မှတ်ချက်  - အတည်ပေါက်နဲ့ နောက်ခြင်းမျှသာ ဖြစ်ပါတယ်။ တကယ်မဟုတ်ပါ။ အားလုံး စိတ်အပန်းဖြေ နိုင်ပါစေ)
အောင်ခမ်း (TSJ team)

Thursday, July 11, 2013

ငွေတစ်သန်း ယူမလား၊ ငါ့သမီး ယူမလား၊ ¿¿¿¿

တစ်ခါတုန်းက သူဋ္ဌေးကြီး တစ်ယောက်ရှိသတဲ့။ သူက မိကျောင်းတွေမွေးရတာကို ၀ါသနာထုံလေတော့ သူ့အိမ်မှာ ရေကန်ကြီးတူးပြီး မိကျောင်းတွေ မွေးထားလေသတဲ့။သဋ္ဌေးကြီးမှာက သမီးလေးတစ်ယောက်ရှိလေသတဲ့။

တစ်နေ့တော့ သူ့အိမ်မှာ ပါတီ အကြီးကြီး တစ်ခုလုပ်ပြီး သဋ္ဌေးကြီးက ကြေငြာသတဲ့။အခု ပါတီမှာ ရှိနေတဲ့ ယောင်္ကျားလေးများ ဟော့ဒီက မိကျောင်းအပြည့်ရေကန်ကြီးထဲကို ဖြတ်ကူးနိုင်တဲ့ လူကို ငွေတစ်သန်းဖြစ်ဖြစ် ငါ့သမီးဖြစ်ဖြစ် ကြိုက်တာကို ရွေးချယ်ခွင့်ပြုမယ်။သူ့စကားဆုံးတာနဲ့ “ဗွမ်း” ဆိုတဲ့ အသံကြားလိုက်ရပြီး လူရွယ်လေးတစ်ယောက်ဟာ ဒရောသောပါး ကြောက်လန့်တကြားနဲ့ ရေကန်ကို အသည်းအသန်ကို ဖြတ်ကူးနေလေသတဲ့။သဋ္ဌေးကြီးလည်း အံသြသွားတာပေါ့။ ပါတီကလူတွေကလည်း လူငယ်လေးကို လက်ခုပ်တွေ တီးပြီးတော့ အားပေးကြတာပေါ့။

အဲ့ဒီလိုနဲက နောက်ဆုံးမှာ လူငယ်ကလေးဟာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အောင်အောင်မြင်မြင်နဲ့ပဲ မိကျောင်းအပြည့်နဲ့ ရေကန်ကြီးကို ဖြတ်ကူးလာနိုင် သတဲ့။သဋ္ဌေကြီးက ပြောသတဲ့ “မယုံနိုင်စရာကောင်းလောက်အောင်ကိုပဲ တယ်ရဲ့ရင်တဲ့ သူငယ်ပဲ။ ကဲကဲ ကျုပ်ရဲ့ ကတိအတိုင်း မောင်ရင် ကျုပ်သမီးကို ယူမလား၊ ငွေတစ်သန်းကို ယူမလား ကြိုက်ရာရွေးပေတော့”အဲ့ဒီမှာတင်လူငယ်က ဒေါသတကြီးနဲ့ “ဒီမှာ နားထောင်၊ ကျုပ်ခင်ဗျား သမီးကိုလည်း မလိုချင်ဘူး၊ ငွေတစ်သန်းလည်း မလိုချင်ဘူး။ သိချင်တာ တစ်ခုဘဲရှိတယ်။ ဘယ်သကောင့်သားက အားယားပြီး ကျုပ်ကို ဒီကန်ထဲကို တွန်းချလိုက်တာလဲ။"

Template by:

Free Blog Templates