အိုင်ကွန် အဆင့်မြင့်ကွန်ပျူတာသင်တန်းမှ ကြိုဆိုပါတယ်....
Showing posts with label Mobile Knowledge. Show all posts
Showing posts with label Mobile Knowledge. Show all posts

Thursday, October 31, 2013

Huawei Firmware ပြန်တင်ချင်လို.ပါ.. :)

မည်သူတစ်ဦးတစ်ယောက်ကိုမှမရည်ရွယ်ပါ

huawei firmware ပြန်တင်ချင်လို.ပါ
ဗျာ ရှစ်ထောင်
မြန်မာနိုင်ငံရဲ.နံမည်ကြီးမြန်မာ websiteတွေမှာ freeရတယ်လေ
တင်နည်းတောင်တစ်ခါတည်းမြန်မာလိုရေးထားသေး
ဘာခတ်တာမှတ်လို. ဒေါင်းလို.ရလာတဲ. zipဖိုင်ကိုဖြည် အထဲကdload
ဆိုတဲ. folderလေးကိုsd cardထဲကိုcopyကူးထည်. အပေါင်းအနုတ် ပါဝါကိုဇုံနှိပ်
သူ.ဟာသူအလုပ်လုပ်သွားလိမ်.မယ် ဒါလေးက်ုရှစ်ထောင်တောင်တောင်းတယ်
ဘာroot လုပ်ပေးအုံးမှာဟုတ်လား ဒါလဲမခတ်ပါဘူး ပေါက်ဖော်ကြီးရေးထားတဲ.
Vroot Erootတို.ရှိတာပဲကိုဒါလဲမခတ်ပါဘူး
ဟင်းဟင်း အထာလေးတွေရှိသေးတယ်ဟုတ်လား
usb debugging unknown source onဖို.ပြောမလို.မလား
ဒါလဲရေးထားပြီးသား
ဟောပြောပြန်ပြီ ကွန်ပျူတာပေါ်ကလိုအပ်ချက်ဟုတ်လား
driver တင်ရမှာကိုပြောတာမလား driver တွေများပုံလို.
ဘယ်ကခေါ်ဒေါင်းဒေါင်း
တော်တော်ရှည်တဲ.လူ ဒါတွေအကုန်လုံးကိုကိုယ်.ဟာကိုလုပ်မှအလွန်ဆုံးသုံးနာရီပေါ.
အင်တာနက်ဖိုးကုန်လှ ၅၀၀ထဲကျမှာကို
ခင်ဗျားတို.မို.ရှစ်ထောင်တောင်းတယ် လွန်လွန်းတယ်
တော်ပြီကိုယ်.ဟာကိုပဲလုပ်တော.မယ်
ခင်ဗျားမှာcomputer၇ှိလို.လား ဟုတ်လား
ဒီခောတ်က itခောတ်ဗျ computerဆိုတာလူတိုင်းမှာရှိတယ်သိလား
ဟင်းပြောကိုမပြာချင်ဘူးဗျာ ခင်ဗျားတို.ဖုန်းပြင်တဲ.လူတွေခတ်တယ်
ကဲကဲပြောနေကြာတယ်အခုပဲသွားလုပ်လိုက်အုံးမယ်
သွားပြီဗျို.
(အသဲထဲကနာတယ် ဘာကိုနာလို.နာရမှန်းလဲမသိဘူး ဟိဟိ)

Credit to Ko Myo Ko Ko Zaw

Wednesday, October 23, 2013

တစ်သက်လုံး အားမကုန်နိုင်သော ဖုန်းများ အသုံးပြုရမည်..

ဖုန်းများတင်မကပါဘူး။ သယ်သွားသယ်လာ အီလက်ထရောနစ် နဲ့ အိုင်တီ ပစ္စည်းအားလုံး ဖြစ်ပါတယ်။ဘယ်တော့မှ အားသွင်းစရာ မလိုအပ်ပါဘူး။ အလိုလိုနေရင်းနဲ့ကို အားပြည့်နေစေမှာ ဖြစ်ပါတယ်။ 
သူ့ရဲ့  လျှို့ ဝှက်ချက်ကတော့ ဖန်သားပြင်လို ကြည်လင်တဲ့ ဆိုလာစွမ်းအင်စုပ် ပစ္စည်းကြောင့် ဖြစ် ပါတယ်။ ယင်း ပစ္စည်းကိုသာ ဖုန်းတွေ၊အိုင်တီ ပစ္စည်းတွေမှာ ကပ်ထား ရင် အလိုအလျောက် အားဖြည့်ပေးနေမှာ ဖြစ်ပါတယ်။ သူက နေရောင်ခြည်က စွမ်းအင်ကို ဆုပ်ယူမယ်။ ဖုန်းရဲ့  ဘက်ထရီဆီ ကို ပြန်လည် Transfer လုပ်ပေးမယ့် ဆိုတဲ့ Function နှစ်မျိုးကို အလုပ် လုပ်ပေးမှာ ဖြစ်ပါတယ်။
ဒီတော့ ဘယ်ဖုန်းအမျိုးအစားနဲ့မဆို compatible ဖြစ်အောင် ဖန်တီး ရတော့မှာ ဖြစ်ပါတယ်။ အိုင်ဖုန်း နဲ့ Samsung ရဲ့  ဖုန်းအချို့ မှာ စမ်းသပ် အသုံးပြုကြည့်ပြီး အောင်မြင်တာကို တွေ့ရပါတယ်။ တီထွင် သူတွေ ကတော့ အမေရိကန် MIT က အင်ဂျင်နီယာ ကျောင်းသား များ ဖြစ် ပါတယ်။ မကြာမီ နှစ်များအတွင်း ဈေးကွက် ရောက်ရှိ လာနိုင်ချေရှိမယ့် ပစ္စည်း ဖြစ်ကြောင်း သိရပါတယ်။

Monday, October 14, 2013

၁၅၀၀တန် GSM ကဒ်များ၏ထူးခြားချက်.. :-)

၁၅၀၀တန် GSMကဒ်တွေဟာ ဖုန်းလိုင်းကျနေတဲ့အချိန်မျိုးမှာ ဖုန်းကဒ်ကိုဟန်းဆက်ထဲထည့်ထားရင် ဟန်းဆက်က ပါဝါတက်လာလိုက် ခဏနေပြန်ပိတ်သွားလိုက်... ....တစ်ခါပြန်ပွင့်လာလိုက်.... ခဏနေပြန်ပိတ်သွားလိုက်နဲ့ တိုင်ပတ်နေတာ့တာဘဲ ဖုန်းကဒ်ကိုဖြုတ်ထားလိုက်မှဘဲ အဆင်ပြေတော့တယ်

အဲဒါလေး တော်တော်ထူးခြားတယ်ဗျ :-)

(ကျွန်တော်တို့ဘက်က ဖုန်းလိုင်းတွေကျနေလို့ အဲလိုတွေဖြစ်နေတာနဲ့ အခြားသူတွေဖြစ်ခဲ့ရင်လည်း ဖြေရှင်းလို့ရအောင် တင်ပေးလိုက်တာပါ....
စိတ်မပူနဲ့နော် ကဒ်သာဖြုတ်ထားလိုက် :D )

Sunday, October 13, 2013

တောင်ကိုရီးယားက အမေရိကန်ထက်အင်တာနက်လိုင်းဘာကြောင့်ပိုမြန်ရတာလဲ.... ?

Internet ဆိုတာကို အမေရိကန်နိုင်ငံကလူတွေအရင်ဖန်တီးခဲ့တာလို့ သိခဲ့ရပါတယ်။ ဒါဆို အမေရိကန်နိုင်ငံက အင်တာနက် connection အမြန်ဆုံးဖြစ်သင့်တာပေါ့။ ဟုတ်ဖူးလား?

ဒါပေမယ့် မဟုတ်ခဲ့ပါဘူး။ အင်တာနက်ကွန်နက်ရှင်တွေကိုအမြဲစောင့်ကြည့်လေ့လာနေတဲ့အဖွဲ့စည်း Akamai ရဲ့တွေ့ရှိချက်အရ အမေရိကန်နိုင်ငံက Broadband Internet speeds ဟာတောင်ကိုရီးယားနိုင်ငံရဲ့ အင်တာနက်အမြန်နှုန်းထက် ၄ ပုံ ၁ ပုံသာမြန်ပါသတဲ့။ နောက်ပြီးတော့ အင်တာနက်ဖိုး ကုန်ကျငွေဟာလည်း အမေရိကန်က ကုန်ကျစရိတ်မြင့်မားနေပါတယ်။

အမေရိကန်မှာ connection က တောင်ကိုရီးယားထက် speed နှေးကွေးပေမယ့် တစ်လကုန်ကျစရိတ်က ပျမ်းမျှအားဖြင့် $45.5 ကုန်ကျပါတယ်။ အဲဒီအချိန်မှာ တောင်ကိုရီးယားကတော့ ပိုမြန်တဲ့ အင်တာနက် speed နဲ့ တစ်လကို $17 နဲ့အောက်မှာပဲ ရှိပါတယ်။ ကဲ ဒီတော့ ဘာလို့ အမေရိကန်က တောင်ကိုရီးယားထက် အင်တာနက် connection နှေးကွေးရတာလဲတိုတာကို ကျွန်တော်တို့ လေ့လာကြည့်ရအောင်။ ဒီလိုဖြစ်ရတဲ့အချက်တွေကတော့ အများကြီးရှိပါတယ်။ အဲဒီထဲမှာ နိုင်ငံရေးသဘောအရ၊ ပထဝီအနေအထားအရ၊ လူနေမှုစတိုင်အရ အစရှိသလို ကွဲပြားတာတွေတော့ ရှိပါတယ်။

ကုမ္ပဏီ အချင်းချင်းပြိုင်ဆိုင်မှု

တောင်ကိုရီးယားမှာ Broadband Access ပေးတဲ့ ကုမ္ပဏီတွေက ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ လူတွေက အင်တာနက်ရဖို့ Cable connection ဒါမှမဟုတ် Telephone ကုမ္ပဏီ တစ်ခုခုနဲ့ဆက်သွယ်လိုက်တာများပါတယ်။ Broadband ကုမ္ပဏီတွေကလည်း တောင်ကိုရီးယားထက်စာရင် နည်းပါတယ်။ ဒီအချက်ကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့မှတ်သားထားသင့်တဲ့အရာတစ်ခုပါပဲ။ ကုမ္ပဏီ အချင်းချင်းပြိုင်ဆိုင်လာရင် ဈေးနှုန်းတွေက ကျလာမှာအမှန်ပဲဖြစ်ပါတယ်။ အခုတော့ MPT ငနဲ့သားတစ်ယောက်တည်းမူပိုင်ထားတော့ ကွန်နက်ရှင်ကောင်းချက်က

ကမ္ဘာမှာ နောက်ဆုံးကနေရေရင် Top Ten စာရင်းဝင်သွားတာပဲဖြစ်ပါတယ်။ :P

နိုင်ငံရေးသဘောအရနဲ့ လူနေမှုပုံစံ

ဒါကလည်း တကယ်ကိုမှတ်ထားသင့်တယ်ဗျာ။ တောင်ကိုရီးယားနိုင်ငံရဲ့ 94% သောလူဦးရေဟာ hyper-speed Internet connection နဲ့အသုံးပြုနေချိန်မှာ အမေရိကန်နိုင်ငံက 65% လူဦးရေက

ရိုးရိုး Broadband Access ကိုသာအသုံးပြုနိုင်ပါတယ်။ နောက် တောင်ကိုရီးယားအစိုးရက ပြည်သူတွေကို ကွန်ပျူတာနဲ့ထိတွေ့ဖို့၊ ဈေးနှုန်းချိုချိုသာသာနဲ့ တောထဲကလူတွေပါ အင်တာနက်အသုံးပြု

နိုင်အောင် ကုမ္ပဏီတွေကို အမြဲတွန်းအားပေးပါတယ်။ ဥပမာတစ်ခုအနေနဲ့ အိမ်ရှင်မတွေ အင်တာနက်ကိုဘယ်လိုသုံးရမလဲဆိုတဲ့ Program တစ်ခုကိုဖန်တီးပေးခဲ့တာကိုပဲကြည့်ပါတော့။

နောက် တောင်ကိုရီးယားရဲ့ မိဘတွေဟာ သူတို့ကလေးတွေရဲ့ ပညာရေးအတွက် အင်တာနက်ကွန်နက်ရှင်က အရေးပါတယ်ဆိုတာကောင်းကောင်းသဘောပေါက်ခဲ့ကြပါတယ်။ ဒီတော့ စဉ်းစားကြည့်ရုံနဲ့ အဖြေက ပေါ်လာပါပြီ။ လူတွေကိုယ်တိုင်ကလည်း အင်တာနက်ကို မရှိမဖြစ်အသုံးချလာတယ်။ ဈေးကွက်သဘောအရ Demand တွေများလာရင် ကုမ္ပဏီတွေကလည်း မိုလိုပေါက်လာ၊ ကုမ္ပဏီ အချင်းချင်းပြိုင်ဆိုင်ရာကနေ အင်တာနက်ဖိုး ဘေလ်တွေကျ။ အင်တာနက် Speed ပိုကောင်းလာတာ မထူးဆန်းပါဘူး။ ဟော ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ အခုထိအင်တာနက်မပြောနဲ့ ကွန်ပျူတာဆိုတာကို မမြင်ဖူးတဲ့သူတွေ အများသားပဲမဟုတ်ဘူးလားဗျာ။ မပြောတော့ပါဘူးလေ။ :(

Open versus closed networks

အလွယ်ကူဆုံးဥပမာပေးရရင်တော့ Broadband Access ပေးမယ့် ကုမ္ပဏီတွေကို အစိုးရက ခွင့်ပြုချက်ပေးတာ လွယ်တယ်/မလွယ်ကူဘူးလို့ပဲပြောရမယ်။ ဆိုပါတော့ဗျာ။ ခင်ဗျားက  Broadband Access

ပေးမယ့် Company တစ်ခုထောင်ချင်တယ်။ ဒါပေမယ့် အစိုးရက ခင်ဗျား Company ထောင်ဖို့ ကန့်သတ်ချက်တွေကများနေတယ်။ လိုင်စင်ဖိုး ဘာညာဆိုပြီးတော့ ကုန်ကျစရိတ်တွေကလည်းများလွန်းတယ်။ တောင်ကိုရီးယားမှာကျတော့ အဲဒါတွေအတွက် အင်မတန်လွယ်ကူတယ်။ ဒါကလည်း အမေရိကန်က ဘာလို့ တောင်ကိုရီးယားထက် speed နှေးရတာလဲဆိုတဲ့အချက်တစ်ခုပါပဲ။ မြန်မာနိုင်ငံမှာဆိုတော့

မပြောချင်တော့ပါဘူး။ :(

Population density

တောင်ကိုရီးယားမှာ ၁ စတုရန်းမိုင်မှာ လူပေါင်း 1200 အင်တာနက်အသုံးပြုနေချိန်မှာ အမေရိကန်မှာတော့  ၁ စတုရန်းမိုင်မှာ လူပေါင်း 88 ယောက်ပဲအသုံးပြုနိုင်ပါတယ်။ နောက်ပြီးတော့ အမေရိကန်မှာက ကျေးလက်ဒေသတွေက များလွန်းတာလည်းပါတယ်လေ။ ဒါကတော့ ပထဝီအနေထားအရ အားနည်းချက်တစ်ခုပါပဲ။ ဆိုလိုတာက အင်တာနက်ရဖို့ အိမ်နဲ့ ISP ချိတ်မယ်ဆိုရင်

အကွာအဝေးက စကားပြောပါတယ်။ အကွာအဝေးကခံနေတော့ Copper wire သုံးမယ့်ဆို speed ကကျလာမယ်။ Fiber line တွေနဲ့ချိတ်မယ်ဆိုရင်လည်း ဈေးနုန်းက ပိုကုန်လာပါပြီ။ ဒါလည်း အရေးကြီးတဲ့အချက်ပါပဲ။

တောင်ကိုရီးယားက Broadband Plan ကိုဆယ်စုနှစ်ကတည်းက စီမံခဲ့တာ

ပြောရရင်တော့ တောင်ကိုရီးယားက မြန်ဆန်တဲ့ အင်တာနက် speed အတွက် လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေထဲကတည်းက ကြိုတင်စီမံထားနှင့်ပြီးသား။ အမေရိကန်ကျတော့ တောင်ကိုရီးယားထက်

စာရင် လက်နှေးတယ်ဆိုရမှာပါပဲ။ မြန်မာနိုင်ငံကတော့ ခုမှ 3G Network ကိုတစ်နိုင်ငံလုံးသုံးနိုင်အောင် စီမံမယ်လို့ ပြောနေတုန်း။ ခုထိတော့ KB/s ကနေတက်လာတာမတွေ့ရသေးပါဘူး။

ဒီကြားထဲ KB/s တောင်မရဘဲ 0 KB/s ထိတောင်ကျနေတဲ့အချိန်တွေကလည်းရှိသေးတယ်။ ပြောတော့ပါဘူးလေ။ :P
အောက်ကပုံမှာသာကြည့်လိုက်ပါတော့... 0KB/s
:(

Andriod Version 4.2.2 မှာ လူသိနည်းတဲ့ လုပ်ဆောင်ချက်

Andriod Version 4.2.2 မှာ လူသိနည်းတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။ ဘာလဲဆိုတော့ Andriod Version 4.2.2 ရဲ့ Notification Bar မှာ Wifi အဖွင့်အပိတ်ခလုတ်တွေအပြင် အခြားအဖွင့်အပိတ်ခလုတ်တွေကို ဘယ်ညာရွေ့ပြီး အသုံးပြုလို့ရပါတယ်။ (ဥပမာ- Samsaung ဖုန်း ဗားရှင်း 4.1.2 or 4.2.2 တွေမှာပေါ့)
တစ်ကယ်လို့များ အဲဒီလိုဘယ်ညာရွေ့နေရတာ ရှုပ်တယ် တစ်ခါတည်း ရှိသမျှခလုတ်တစ်ခါတည်းမြင်ချင်တယ်ဆိုရင်လည်း ပြုလုပ်လို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ Notification bar ကခလုတ်တွေမြင်ရအောင်အောက်ကိုဆွဲချတဲ့အခါမှာ ကျွန်တော်တို့တစ်တွေဟာ အများအားဖြင့် လက်မ (သို့မဟုတ်) လက်ညိုးတစ်ချောင်းတည်းထောက်ပြီးဆွဲချကြပါတယ်။ ခလုတ်အားလုံးကို တစ်ခါတည်းမြင်ချင်တယ်ဆိုရင်တော့ လက်ချောင်းနှစ်ချောင်းနဲ့နှိပ်ပြီးဆွဲချလိုက်ပါ.. ရှိသမျှခလုတ်အားလုံးတစ်ခါတည်းမြင်ရပါလိမ့်မယ်။
(ခုလက်ရှိခေတ်စားနေတဲ့ Huawei 610တို့၊ Y511 ဖုန်းတွေဆိုရင်ပိုဆိုးပါတယ်။ Notification Bar ကိုဆွဲချလိုက်ရင် အင်တာနက်အဖွင့်အပိတ်ခလုတ်တန်းမပေါ်ပါဘူး။ နောက်ထပ်ခလုတ်တစ်ခုထပ်နှိပ်မှပေါ်ပါတယ်။ တစ်ခါတည်း အင်တာနက်ခလုတ် ပေါ်ချင်တယ်ဆိုရင်တော့ ခုပြောတဲ့နည်းအတိုင်း လက်နှစ်ချောင်းကိုအသုံးပြုပြီး ဆွဲချမယ်ဆိုရင်တော့ အိုကေသွားပါပြီ :-) )
ပုံလေးတွေလည်းပြပေးထားပါတယ်။
အားလုံးဘဲ အဆင်ပြေကြပါစေ.....



Thursday, September 5, 2013

Facebook အသုံးပြုနည်းစာအုပ်

Facebook အသုံးပြုနည်းစာအုပ်လေးပါ။ ဖတ်ကြည့်လိုက်ရင်တော့ အနည်းနဲ့အများတော့ facebook ဆိုတာကြီးအကြောင်း ပိုသိရတာပေါ့ :-) 
ကဲ ... လေ့လာချင်သပဆိုရင်တော့
ဒီမှာယူလိုက်ပါဗျာ

ပြည်တွင်းဖြစ် အင်တာနက်ဖုန်း

နိုင်ငံတကာကို ဖုန်းလိုင်းကတစ်ဆင့် ဖုန်းခေါ်တယ်ဆိုတာ ဟိုတုန်းကတော့ အိပ်မက်တစ်ခုပဲဗျ။ ကြိုးဖုန်းတွေကို ဒစ်ဂျစ်တယ်စနစ် စပြီး ပြောင်းပေးတဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ နိုင်ငံရပ်ခြား ဖုန်းပြောတယ် ဆိုတာကို တော်တော်တန်တန် လူသိလာတယ်။ ဒါပေမယ့် လူသုံးမများဘူး။  ကုမ္ပဏီတစ်ချို့ကို အင်တာနက် သုံးခွင့်ပေးလိုက်တော့ အီးမေးလ်ဆိုတာကို ကျွန်တော်တို့ စပြီး သိလာတယ်။ အဲဒီအချိန်မှာ gmail မရှိသေးဘူး။ အင်တာနက်ပေါ်မှာ တွေ့သမျှ မေးလ်တစ်ခုခုမှာ စာရင်းဖွင့်ပြီး သုံးရတယ်။ သိုလှောင်ခွင့် 1GB ပေးတယ် ဆိုတာက အင်မတန် ထူးတဲ့ကံ။ အီးမေးလ်ရှိတော့ နိုင်ငံရပ်ခြား ရောက်နေတဲ့ သူငယ်ချင်း တချို့နဲ့ ဆက်သွယ်လို့ ရလာတာပေါ့။

၂၀၀၃ ခုနှစ်လောက်မှာ အိမ်သုံး အင်တာနက်တွေ စချပေးပြီး ၂၀၀၄ ခုနှစ်လောက်မှာ gmail တွေ gtalk တွေ ပေါ်လာတော့ အရင်ကထက် စာရင် ဟန်ကျသား။ ဒါပေမယ့် အများသိကြတဲ့အတိုင်း gtalk က လူနှစ်ယောက်စလုံး အွန်လိုင်းချိတ်ထားမှ ပြောလို့ရတာဆိုတော့ အချိန်မရွေး ဖုန်းနံပါတ်လှည့်ပြီး ကောက်ခေါ်လို့ ရတဲ့ ဖုန်းလောက် အဆင်မပြေပါဘူး။ ဒါကြောင့် လူတွေရဲ့ ချဉ်ခြင်းကို နားလည်တဲ့ အက်တာနက် ဆက်သွယ်ရေး ကုမ္ပဏီတွေက အင်တာနက်ပေါ်ကတစ်ဆင့် တစ်ဘက်က ဖုန်းကို လှမ်းခေါ်နိုင်တဲ့ အင်တာနက်ဖုန်းစနစ် (VOIP = Voice Over Internet Protocol) ကို ထွင်ပေးခဲ့ကြပါတယ်။

သူတို့ဆီမှာတော့ ဒီစနစ်က အတော်လေး အဆင်ပြေတယ်။ နိုင်ငံခြားသုံးငွေ ကိုင်ခွင့်မရှိတဲ့ ကျွန်တော်တို့အဖို့က ဖုန်းဆက်ခ ကြိုတင် ငွေသွင်းဖို့ အဆင်မပြေတော့ သုံးလို့ မရပါဘူး။ စင်ကာပူ အဆက်အသွယ် ကောင်းတဲ့သူတွေကတော့ Pfingo တို့ Skype တို့ကို ငွေလှမ်းသွင်းခိုင်းပြီး ဝန်ဆောင်မှုတစ်ခု အနေနဲ့ လုပ်စားခဲ့ကြပါတယ်။ မြန်မာ့ဆက်သွယ်ရေးရဲ့ နိုင်ငံခြား ဖုန်းပြောခထက်စာရင် အင်တာနက်ပေါ်ကနေ ဖုန်းပြောခဟာ (၈၀) ရာခိုင်နှုန်းမက သက်သာလေတော့ အင်တာနက်ဆိုင်မှာ လူတွေက တရုန်းရုန်း၊ တရားမဝင် အင်တာနက် ဖုန်းပြောရင် ဖမ်းမယ်ဆီးမယ်နဲ့ အသံတွေက တညံညံ။ ကျွန်တော့်စိတ်ထင် ဖမ်းမယ်ဆီးမယ် ဆိုတဲ့ အဲ့ဒီအသံတွေဟာ ၂၀၁၁ ခုနှစ်လောက်ထိ ရှိနေခဲ့တယ် မှတ်တယ်။

၂၀၁၂ ထဲ ရောက်တော့ ဆက်သွယ်ရေးက မူပြောင်းပြီး အင်တာနက်ဖုန်းတွေကို လိုက်ပိတ်မယ့် အစား၊ ဖုန်းဆက်သွယ်မှုတွေကို ဖမ်းဆီးမယ့်အစား အဲ့ဒီစနစ်တွေနဲ့ ဈေးနှုန်းခြင်း ယှဉ်ပြိုင်နိုင်တဲ့ ပြည်တွင်းဖြစ် အင်တာနက်ဖုန်း စနစ်ကို ထောင်ရင်ကောင်းမယ်လို့ စိတ်ကူးလာတယ်။  အဲ့ဒီစိတ်ကူးအရ ပေါ်လာတဲ့ အင်တာနက်ဖုန်းဝန်ဆောင်မှု နှစ်မျိုးက Ytalk နဲ့ MEB TALK2 တို့ ဖြစ်ပါတယ်။

ဒီနေ့ဆိုရင် မြန်မာပြည်သူတွေဟာ အဲ့ဒီဝန်ဆောင်မှု နှစ်မျိုးထဲက ကြိုက်နှစ်သက်ရာကို သုံးပြီး အင်တာနက်ဖုန်း ပြောဆိုနိုင်ကြပါပြီ။ ဈေးနှုန်းအရ ဆိုရင် MAB TALK2 က ပိုပြီး သက်သာပါတယ်။ ဒါပေမယ့် သူက အင်တာနက်ဖုန်း စစ်စစ်ပါ။ အင်တာနက်လိုင်း မရှိရင် ဖုန်းပြောလို့ မရပါဘူး။ Ytalk က ဈေးနှုန်း ပိုများပေမယ့် အင်တာနက်လိုင်း ရှိရှိ၊ မရှိရှိ အင်တာနက်ဖုန်း ပြောလို့ရပါတယ်။ ဒါကြောင့် ကြိုးဖုန်းတွေပေါ်ကနေလည်း ပြောလို့ရတယ်။ ကြိုးဖုန်း ဆက်သွယ်ခ တစ်မိနစ် ၂၅ ကျပ်နဲ့ အင်တာနက်ဖုန်း တစ်မိနစ်ပြောခ (နိုင်ငံအလိုက် ကျသင့်နှုန်း) တို့ပေါင်းပြီး ယူပါတယ်။ ကြိုက်သလောက်ပြော ကျသလောက်ရှင်း စနစ်ပါ။

အခုအချိန်မှာ လူတော်တော်များများ မိုဘိုင်းဖုန်း ကိုင်နိုင်ကြပြီ။ ငွေတစ်သောင်းသွင်းပြီး Orderdata service ဆိုတဲ့ စာလုံး ရိုက်ပို့တတ်ရင် ၃ မိနစ်အတွင်း အင်တာနက် သုံးလို့ရပြီ။ အဲ့ဒီတော့ နိုင်ငံရပ်ခြားမှာ ဆွေမျိုးရင်းချာရှိသူတွေ ပြည်တွင်းဖြစ် အင်တာနက်ဖုန်း သုံးနိုင်ကြပါပြီ။ဈေးသက်သာတဲ့ MEB TALK2 နဲ့ အင်တာနက်ဖုန်း ဘယ်လိုပြောမလဲ ကြည့်ရအောင်။ သူက အင်တာနက်ဖုန်း စစ်စစ်ဆိုတော့ ဆော့ဖ်ဝဲ လိုတယ်။ ပထမဆုံး ကိုယ့်ဖုန်းမှာ အင်တာနက်လိုင်း ချိတ်သုံးလို့ရအောင် ပြင်ဆင်ထားပါ။ ပြီးရင် Browser တစ်ခုခု ဖွင့်ပြီး (အလုပ်လုပ်တာ မြန်တဲ့ Opera mini ဒါမှမဟုတ် Boat Browser တို့က သင့်တော်ပါတယ်) address ရိုက်ထည့်ရမယ့် ကွက်လပ်မှာ www.mebtalk2.com ကို ရိုက်ထည့်ပြီး Go ကို နှိပ်ပါ။  MEB TALK2 ရဲ့ Home Page ကို ရောက်လာပါမယ်။ Account အသစ် ဖွင့်မှာမို့ Create Account Register နေရာကို နှိပ်ပါမယ်။ အဲဒီအခါကျရင် Account Registeration Form ဆိုတဲ့ စာမျက်နှာကြီး ပေါ်လာပါမယ်။ လိုအပ်တဲ့ အချက်အလက်တွေကို ဖောင်ဖြည့်သွင်းရမယ့် နေရာပေါ့ ဖောင်ထဲမှာ username, password နဲ့ Comfirm password အကွက်တွေကို မဖြစ်မနေ ဖြည့်သွင်းပေးဖို့ လိုပါတယ်။ အီးမေးလ်က ကိုယ့် password မေ့သွားရင် ပြန်ပြီး တောင်းနိုင်အောင် ဖြည့်သွင်းသင့်တယ်လို့ website က အကြံပြုထားပါတယ်။ ဒါကြောင့် အီးမေးလ်လိပ်စာရှိရင် ဖြည့်သွင်းပေးလိုက်ပါ။ ပြီးရင် အောက်ဘက်မှာ တွေ့ရတဲ့ စာလိမ်နှစ်ခုကို အသေအချာ ဖတ်ပြီး type the two words ဆိုတဲ့ အကွက်ထဲမှာ တူအောင်ဖြည့်ပေးရမယ်။ စာတွေက တစ်ခါတစ်ရံမှာ အတော်လေး ကောက်ကွေးနေတာမို့ အသေအချာ မမြင်ရရင် မြင်ကွင်းကို အကြီးချဲ့ပြီး ကြည့်ပါ။ သုံးခါထက် ပိုမှားလို့တော့ မကောင်းပါဘူး။ အားလုံးပြီးပြီဆိုရင် အောက်ဘက်က Register ဆိုတဲ့နေရာမှာ တစ်ချက်နှိပ်ပါ။ အားလုံး အောင်မြင်တယ်ဆိုရင် Your Account is successfully registered ဆိုတဲ့ စာတမ်းနဲ့ အကွက်တစ်ခု ပေါ်လာပါမယ်။ အဲဒီစာတမ်းအောက်မှာ ဖောင်ဖြည့်သွင်းတုန်းက ကိုယ်ထည့်ခဲ့တဲ့ Username နဲ့ password ကို ဖော်ပြပေးထားပါတယ်။

ဒါက Account ဖွင့်ထားတာပဲ ရှိပါသေးတယ်။ ပြီးရင် Meb talk2.apk ဖိုင်ကို ဖုန်းထဲ download ဆွဲချရပါဦးမယ်။ ပြီးရင် Install ဖိုင်ကို လက်နဲ့ တစ်ချက်ခေါက်ပါ။ အောက်မှာမြင်ရတဲ့ Install နေရာမှာ တစ်ချက်ခေါက်ပါ။ ပြီးပြီဆိုရင် အမှန်ခြစ်လေးနဲ့ application installed စာသားကို မြင်ရပါမယ်။ အောက်ဘက်မှာရှိတဲ့ open ကိုနှိပ်ပြီး ဖွင့်လိုက်ပါ။ Log in ဝင်ရမယ့်နေရာ တစ်နည်းပြောရရင် ကိုယ့် Account ရဲ့ user name နဲ့ password ဖြည့်ရမယ့် နေရာကို ရောက်ပါမယ်။ ဖြည့်ပေးလိုက်ပါ။  မှန်တယ်ဆိုရင် Log in was a success ဆိုတဲ့ စာတန်းလေး ပေါ်လာပြီး ဖုန်းဆက်လို့ရမယ့် နေရာကို ရောက်သွားပါမယ်။ Call ဆိုတဲ့နေရာကို နှိပ်လိုက်ပါ။ ဖုန်းဆက်ဖို့ ဂဏန်းပါတဲ့ အကွက်ကြီးပေါ်လာပါမယ်။ ကိုယ်ဆက်မယ့် နိုင်ငံရဲ့ နိုင်ငံကုတ်ရဲ့ ဖုန်းနံပါတ်ကို ရိုက်ပြီးခေါ်နိုင်ပါတယ်။ VOIP Call နေရာကနေ ခေါ်ရမှာပါ။ အဲဒီထဲကနေ ပြည်တွင်းဖုန်းတွေခေါ်ဖို့ Local Access ဆိုတဲ့နေရာကလည်း ပေးထားပါတယ်။ ဒါကတော့ ပြည်တွင်းဖုန်းခေါ်ခနဲ့ ဖြတ်မှာပါ။ ကိုယ့် Account ကို verify လုပ်ချင်ရင် setting ကိုနှိပ်ပါ။ ဖုန်းကျသွားပြီး Website ကနေ သူ့ဆီခေါ်တဲ့ဖုန်းကို ပြန်ဆက်သွယ်ပါမယ်။ viber မှာ ဂဏန်းလေးလုံး ပေးသလိုပါပဲ။ ရပြီဆိုရင် OK နှိပ်ပါ။ success ဆိုတဲ့ စာတမ်းနဲ့ အကွက်တစ်ခု ပေါ်လာပါမယ်။ OK နှိပ်ပြီးထွက်ပါ။ သတင်းအချက်အလက် စုံစမ်းချင်တဲ့ လူတွေက info@mebtalk2.com ကို ဆက်သွယ်နိုင်ပါတယ်။

Ytalk ကတော့ ကြိုးဖုန်းကရော၊ မိုဘိုင်းဖုန်းကနေပါ ခေါ်ဆိုနိုင်ပါတယ်။ ပထမဆုံးအဆင့်က Ytalk ရုံးစိုက်တဲ့နေရာ (ဆင်မလိုက် အဝေးပြေးဝင်းထဲက အဆောက်အဦမှာ မှတ်တယ်) နဲ့ ဆက်သွယ်ပါ။ ငွေကြိုပြီး ဖြည့်သွင်းထားပါ။ အင်တာနက်လိုင်း မရှိတဲ့ ကြိုးဖုန်းကနေ ဆက်သွယ်မယ်ဆိုရင် ဒီလိုလုပ်ရပါမယ်။ ကြိုးဖုန်းကနေဆိုရင် PIN နံပါတ်ကို ကြိုပြီး ပေးလိုက်ပါလိမ့်မယ်။ ပထမဆုံး ဖုန်းနံပါတ် ၀၁-၄၄၅၅၅၅၅ ကို အရင်နှိပ်ပါ။ PIN နံပါတ် တောင်းပါမယ်။ Ytalk account pin နံပါတ်နဲ့ hash key ကို နှိပ်ပေးရပါမယ်။ ပြီးရင် ကိုယ်ခေါ်ချင်တဲ့ နိုင်ငံခြားကို ၀၀+ နိုင်ငံကုတ်+ နိုင်ငံခြားဖုန်းနံပါတ်+ hash key ကိုနှိပ်ပြီး ဆက်ချင်တဲ့ နိုင်ငံကို တိုက်ရိုက်ခေါ်နိုင်ပါတယ်။ မြန်မာတွေ အဆက်များတဲ့ မလေးရှားနိုင်ငံကုတ် ၀၀၆၈၊ တရုတ် ၀၀၈၆၊ ဂျပန် ၀၀၈၁၊ တောင်ကိုရီးယား ၀၀၈၂ ဖြစ်ပါတယ်။

အင်တာနက်ကနေ သုံးမယ့် မိုဘိုင်းဖုန်းတွေကတော့ www.Ytalk.com.mm ကနေပြီး ဆော့ဖ်ဝဲကို download ဆွဲရပါမယ်။ ပြီးရင် ဖုန်းပေါ်မှာ Install လုပ်ရပါမယ်။ ပြီးရင် Ytalk ဆော့ဖ်ဝဲကို ဖွင့်ပါ။ Log in နေရာကို ရောက်ပါမယ်။  ဆိုင်မှာသွားပြီး ငွေဖြည့်ကတည်းက user name, password တွေ သတ်မှတ်လိုပြီ ဖြစ်ပါတယ်။ user name က မြင်နေရပါတယ်။ ကူးပြီးဖြည့်ပါ။ Pin Code နေရာမှာ ခဲခြစ်ပါ။ password ပေါ်လာပါမယ်။ ကူးပြီး Log in ရဲ့ password နေရာမှာ ဖြည့်ပါ။ Login နှိပ်ပါ။ အထဲကို ရောက်သွားပြီဆိုရင် ဖုန်းခေါ်တဲ့ အကွက်ကို သုံးပြီး ၀၀+ နိုင်ငံကုတ်+ နိုင်ငံခြားဖုန်းနံပါတ်တို့ကို နှိပ်ပြီး နှစ်သက်ရာ နိုင်ငံကို လှမ်းပြီး ခေါ်ဆိုနိုင်ပါတယ်။  အသံကြည်လင် ပြတ်သားချင်ရင် ဆော့ဖ်ဝဲရဲ့ Menu ကို ခေါ်တင်ရမယ်။ ဖုန်းအောက်ခြေမှာ မျဉ်းကြောင်းလေးတွေ ဆင့်ထားတဲ့နေရာ ဖြစ်ပါတယ်။ ပြီးရင် setting ထဲဝင်ပါ။ Audio setting ကို ရွေးပါ။ အဲဒီထဲက G729 ကိုပဲ အမှန်ခြစ်ပြီး ကျန်တဲ့ CODEC တွေကို ဖြုတ်ပေးရပါမယ်။ အင်တာနက်လိုင်းအား 30 kbps လောက် ပုံမှန်ရနေတဲ့အချိန်မှာ Ytalk ရော MEB TALK 2 ပါ ကြည်လင် ပြတ်သားပါတယ်။ လိုင်းအားကျပြီဆိုရင် Ytalk က ပိုပြီး ကြည်လင်ပြတ်သားတာ တွေ့ရပါတယ်။  

နောင်စိုး (ထားဝယ်)Ref & Credit: Mobile Guide Journal

Thursday, August 1, 2013

Android ဖုန်းလေးလံနှေးကွေးရခြင်းအကြောင်းအရင်းများ

 Android ဖုန်းလေးလံနှေးကွေးရခြင်းအကြောင်းအရင်းများ---------------------------------------------------------

ဒီ Post ကို မေးထားတဲ့သူအတွက်တင်ပေးလိုက်တာပါ ၊ တော်တော်များများအတွက်လဲအသုံးဝင်လိမ့်မယ်လို့လဲထင်ပါတယ်။ ပြီးတော့ဒီ Post ဟာ Beginnerများအတွက်ရည်ရွယ်ထားတဲ့ အခြေံနားလည်စေရန်ရှင်းပြထားရုံသက်သက်သာဖြစ်ပါတယ်။

ဒီ မေးခွန်းကိုမစခင်အရင်ဆုံး Memory Stroage အကြောင်းလေးကိုပြောပြချင်ပါတယ်။ Memory stroage လို့ပြောလိုက်ရင် အရင်ဆုံးအလွယ်ပြေးမြင်လို့ရတာ SD Card ပါ ။ တကယ်တော့ SD Card ဆိုတာ MemoryStroageလို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ROM ပိုင်း System ပိုင်းတွေနဲ့တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါဘူး။ အပိုထည့်သွင်းထားတဲ့ အပိုင်းပဲဖြစ်ပါတယ်။ ပိုပြီးမြင်သာသွားအောင်ပြောရရင် SD Card မပါလဲ ဖုန်းဟာဆက်ပြီးအလုပ်လုပ်နေဦးမှာဖြစ်ပါတယ်။

ကျွန်တော်တို့အခုလက်ရှိသုံးနေကြတဲ့ဖုန်းတွေဟာ ဖုန်းထုတ်လုပ်တည်းကပါတဲ့ Bulit in memory ပါဝင်ပါတယ်။ အဲဒီ Build in memoryပေါ်မှာသာ ROM ကိုတင်ပြီးအသုံးပြုနေရခြင်းဖြစ်ပါတယ်။ များသောအားဖြင့်ဖုန်းဝယ်သူတော်တော်များများဟာ SD Card ဘယ်လောက်စိုက်လို့ရလဲဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။ Build in memory ဘယ်လောက်ပါလဲဆိုတာကိုကြည့်လေ့မရှိကြပါဘူး။အိုကေ .. ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာဖြစ်တယ်ဆိုတာသိရင် ဖုန်းဘာကြောင့်လေးရလဲဆိုတာကိုအလွယ်ပြောလို့ရပါပြီ ။

အဲဒီ Build in memory ပြည့်လုနီးနီးဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရုပ်ထွေးနေတာလို့ပြောရင်ရပါပြီ ၊ ဥပမာ Build in memory1GB ပါတဲ့ ဖုန်းကိုဝယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM ကတ၀က်ကျော်ကျော်လောက်ကိုကျိမ်းသေနေရာယူပါတယ် ၊ ပြောရရင် ဖုန်းရဲ့Build in memory က  ၀ယ်ကတည်းက တ၀က်ကျော်ကျော်သုံးထားပြီးသားဖြစ်ပါတယ်။ အဲဒီနောက်မှာ ဆက်ပြီးသုံးမယ်ဆိုပြည့်ပြည့်သွားခြင်း ရုပ်ထွေးခြင်းတွေဖြစ်သွားတဲ့အတွက် ဖုန်းတွေလေးလံနှေးကွေးရခြင်းဖြစ်ပါတယ်။

နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့်သွားရတာလဲ ဆိုတာပါ ... ဒါကတော့ အမျိုးမျိုးဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့်အောက်ပါအချက်များကြောင့်အဖြစ်များလေ့ရှိပါတယ် -

၁) Application တွေခဏခဏတင်ခြင်း၊ဖျက်ခြင်း

Built in memory ထဲမှာ သိုလှောင်ထားတဲ့ အပိုင်းမှာ App တွေတင်ရင်ကိုယ်မသိလိုက်ဘဲအလိုလျောက်နောက်ကွယ် Build in memory ထဲမှာData File တွေဖွင့်သွားတတ်ပါတယ်။ တစ်ချို့ App တွေဆိုရင် Uninstall ပြန်လုပ်ပေမယ်လည်းဆက်ပြီးတော့ Data တွေကျန်ခဲ့တာမျိုးရှိပါတယ်။(SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြသနာရှိမှာမဟုတ်ပါဘူး)

၂) Gameဆော့များခြင်း

ကိုယ်ရဲ့ဆော့လက်စဂိမ်းတွေက ဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန်ကနောက်ဆုံးဆော့ထားတာစတဲ့အချက်အလက်တွေကိုဘယ်နေရာမှာသိမ်းထားတယ်ထင်လဲ ?? စဉ်းစားကြည့်လိုက်ပါ Game တစ်ခုကိုထည့်ရင်1MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝမဆော့ရသေးခင်အချိန်မှာပါ ၊ ဆော့ပြီးသွားရင်တော့ ဆော့လက်စ အခန်းတွေ ပုံတွေဒါတွေကိုသက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုးလာပါတယ်။ ဒါကြောင့် Built in memory မှာပိုများပြီးကျပ်ညပ်လာတတ်တာမျိုးလဲဖြစ်တတ်ပါတယ်။

၃) SD Card မသုံးခြင်း

အပေါ်ကအချက်တွေကိုဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင်သက်သာစေပါတယ် ၊ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ Appတွေစသည့် Data တွေကို SD Card ထဲမှာရွေ့ပြီးသိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်းလျော့နည်းစေမှာဖြစ်ပါတယ်။ ဒါမဲ့တစ်ချို့ App တွေဟာ Built in memory ကလွဲရင် SD Card ထဲကိုရွေ့ပြောင်းခြင်းခွင့်မပြုပါဘူး၊ဒါကြောင့် အတိုချုံ့းပြီးပြောရရင် .. SD Card ထဲကို App တွေ Gameတွေကိုစကတည်း Install လုပ်ထားသင့်ပါတယ်။

ဒီတော့ နောက်ဆုံးအဲလိုဖြစ်လာပြီ လေးလာပြီနှေးလာပြီဆိုရင်မိမိဖုန်းကိုဘယ်လိုဖြေရှင်းမလဲဆိုတာအဓိကအချက်ပါ

၁) အဲလိုလေးလံလာရင် မိမိဖုန်းရဲ့ Build in memory ဘယ်လောက်ကျန်သေးလဲဆိုတာကိုအရင်ဝင်စစ်ကြည့်ပါ .. (ပုံမှာပြထားတဲ့အတိုင်းSetting အောက်က App အောက်မှာဝင်ရောက်ကြည့်ရင်တွေ့ရပါလိမ့်မည်)
App ထဲမှာ MB အများဆုံးတွေကို Clear Cache လုပ်ပါ
၂) တစ်ခုခြင်းရှင်းတာတောင်းမရတော့ဘူးဆိုရင်တော့ နောက်ဆုံးဘာလုပ်လို့ရနိုင်မလဲဆိုတာကရိုးရှင်းပါတယ် Factory Restart ချလိုက်ရုံပါပဲ ... Setting ထဲက Backup & Reset အောက်မှာဝင်ပြီး Factory data reset ချလိုက်ရင်ဖုန်းက ၀ယ်လာတဲ့အတိုင်းပြန်ဖြစ်သွားပြီး Built in memory ထဲက Data တွေအကုန်ရှင်းသွားပါလိမ့်မယ် ...

ဒါ​ပေမယ့်​ ကြိုတင်သိထားရမှာက တင်ထားသမျှဂိမ်းတွေနဲ့ App တွေ Contact List တွေ SD Card ထဲကမဟုတ်တာမှန်သမျှအကုန်ကုန်ပါလိမ့်မယ် ...ဒီလိုမကုန်အောင်ဘယ်လို Backup ဆွဲထားမလဲ ဆိုတာကတော့မိမိအိမ်မှာ Computer နဲ့ဆိုရင်တော့ ပိုပြီးအဆင်ပြေနိုင်ပေမဲ့ဖုန်းထဲမှာတော့ ခက်ခဲပါလိမ့်မယ် .. လုပ်ဆောင်ရမှာက ရှိသမျှလိုသမျှတွေ Backupဆွဲမယ် ပြီးရင် Factory data reset ချမယ် ပြီးရင် Backup လုပ်ထားတဲ့ဟာတွေကို Restore ပြန်ခေါ်လိုက်ရင်အဆင်ပြေပါပြီ ...အဆင်ပြေနိုင်ကြပါစေ

Template by:

Free Blog Templates