အိုင်ကွန် အဆင့်မြင့်ကွန်ပျူတာသင်တန်းမှ ကြိုဆိုပါတယ်....

Wednesday, February 27, 2013

အရမ်းလန်းတဲ့ ကီးဘုတ်....

Andirod အသုံးပြုသူတွေအတွက် အရမ်းကောင်းဆော့ဖ်ဝဲလေး မိတ်ဆက်ပေးချင်ပါတယ်။ ဘာဆော့ဖ်ဝဲလေးလဲဆိုတော့ ကီးဘုတ်ဆော့ဖ်ဝဲလေးပါ။ အရင်တုန်းက Andriod ဖုန်းတွေမှာမြန်မာစာရိုက်ဖို့အတွက် အဆင်ပြေဆုံးနဲ့၊ အသုံးပြုဖို့အလွယ်ကူဆုံးဖြစ်တဲ့ Frozen Keyboard ကို အများဆုံးအသုံးပြုကြပါတယ်။ ခုဒီကီးဘုတ်ဆော့ဖ်ဝဲလေးကတော့ Frozen Keyboard ထက်ပိုသုံးလို့အဆင်ပြေအောင်ဖန်တီးပေးထားပါတယ်။ Technomation က ကိုထူးမြင့်နောင် ဖန်တီးပေးထားတာပါ။ ဘယ်လိုတွေအဆင်ပြေတာလဲ....???  ဒီလိုတွေပါ....
ရရစ်
ရရစ် အကြီး၊ အသေး၊ အပေါ်ပြတ်၊ အောက်ပြတ် လို သလို ပြောင်းပေးခြင်း
ဥပမာ၊
ကြ => ကြ
ကြွ => ကြွ
ကြီ => ကြီ
တစ်ချောင်းငှင်
တစ်ချောင်းငှင် အရှည် အတို အလိုအလျောက် ပြောင်းခြင်း
ဥပမာ၊
ပြု => ပြု
ပြူ => ပြူ
န နှင့် န
ဥပမာ၊
နွ => နွ
နု => နု
• --္တ နှင့် --္တ
ဥပမာ၊
မန္တလေး  => မန္တလေး
အောက်မြှစ်
ဥပမာ၊
တွေ့ => တွေ့
သန့် => သန့်
ရကောက် အပြတ်
ရို => ရို
စသည်ဖြင့် (ဖော်ပြမထားတာတွေ ရှိပါသေးတယ်) မြန်မြန်ဆန်ဆန် ရိုက်လို့အောင် လုပ်ထားပေးပါတယ်။
အဲ.. နောက်ထပ်ရှိသေးတယ်… ဒါတွေကတော့ Shift နှိပ်ပြီး ရိုက်ရတာတွေကို Shfit မလိုဘဲ ရိုက်နိုင်အောင်ပါ...
ိ   နှစ်ခါ = >ီ
ြ    နှစ်ခါ  = >ဲ
ါ    နှစ်ခါ = >ွ
စသည်ဖြင့်…. ရိုက်လို့ရပါတယ်။

Myanglish 
နောက်တစ်မျိုးကတော့ Myanglish လို့ခေါ်တဲ့ မြန်မာစာကို အင်္ဂလိပ်လိုအသံထွက်နဲ့ ရိုက်ပေးမယ့်စနစ်ပါ။
ဥ​ပမာ -   I   = အိုင်
            Kon = ကွန်
               U =  ဦး
             Yay = ရေ

 နောက်ပိုင်းကျရင် မဖြစ်မနေသုံးရမယ့် Unicode မြန်မာစာအတွက်လည်း အသုံးပြုဖို့အတွက် အဆင့်သင့်ဘဲလို့ဆိုပါတယ်။ လောလောဆယ်တော့လက်ရှိအသုံးများနေတဲ့ ဇော်ဂျီကိုဘဲ အဆင်ပြေအောင်သုံးထားပေးပါတယ်။( Smart Zawgyi)

ဝယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ Android နှင့် iOS အတွက်ကတော့ ၂၅၀၀ ကျပ် ဖြင့် ဝယ်ယူသုံးနိုင်ကြပါပြီ… :)
Free Version ကိုလိုချင်တယ်ဆိုရင်တော့ ဒီမှာယူလိုက်ပါ......

Credit to : Htoo Myint Naung, Thant Thet

No comments :

Post a Comment

လိုအပ်ချက်များကိုပြင်ဆင်နိုင်ရန် Comment ပေးခြင်းဖြင့်ကူညီပေးပါ....

Template by:

Free Blog Templates