အိုင်ကွန် အဆင့်မြင့်ကွန်ပျူတာသင်တန်းမှ ကြိုဆိုပါတယ်....
Showing posts with label ကြားဖြတ်သတင်းများ. Show all posts
Showing posts with label ကြားဖြတ်သတင်းများ. Show all posts

Tuesday, June 17, 2014

G730,Y511 မှာမြန်​မာစာမ​ပေါ်တဲ့​ဆော့ဖ်​၀ဲ​တွေကို မြန်​မာလိုမြင်​ရ​အောင်​ ထည့်​လို့ရပြီ..

G730,Y511 မှာ မြန်​မာလို​ရေးထားတဲ့ ​ဆော့ဖ်​၀ဲ​တွေဖြစ်​တဲ့ Shwebook Dictionary ၊ Mm hub payate ၊ မြန်​မာစကား ၊ နှစ်​တရာပြက္ခဒိန်​ စတဲ့​ဆော့ဖ်ဝဲ​တွေမှာ မြန်​မာလိုမ​ပေါ်ပါဘူး။ အဲလို မြန်​မာစာမ​ပေါ်တဲ့​ဆော့ဖ်​၀ဲ​တွေ ဘယ်​​ဆော့ဖ်​၀ဲဘဲဖြစ်​ဖြစ်​ မြန်​မာလိုမြင်​ရ​အောင်​ ကျွန်​​တော်​တို့ဆီမှာ လာ​ရောက်​ထည့်​သွင်းနိုင်​ပါပြီ.... :-)

Tuesday, August 13, 2013

၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွက် တက္ကသိုလ်များ၏ ဝင်ခွင့်အမှတ်များ ထုတ်ပြန်

၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွက် တက္ကသိုလ်များ၏ ဝင်ခွင့်အမှတ် စာရင်းများကို သြဂုတ်လ ၁ ရက်က ထုတ်ပြန် ကြေညာခဲ့ပြီး ကျောင်းသားအများစု တက်ရောက်ရန် စိတ်ဝင်စားသည့် တက္ကသိုလ်များ၏ ဝင်ခွင့် အမှတ်များကို ယခင်နှစ်က ခေါ်ယူခဲ့သည့် ဝင်ခွင့်အမှတ် အတိုင်း ခေါ်ယူခဲ့သည်ကို တွေ့ရသည်။ 

အများစု တက်ရောက်ရန် စိတ်ဝင်စားသည့် တက္ကသိုလ်များ၏ ယခုနှစ်အတွက် ဝင်ခွင့်အမှတ်များမှာ

ဆေးတက္ကသိုလ် ကျား(၄၉၀)၊ မ (၅၀၈)၊ 

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျား (၄၆၉)၊ မ (၅၀၁)၊

ဆေးဝါး တက္ကသိုလ် ကျား/မ (၄၆၇)၊

ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် ကျား/မ (၄၅၉)၊ 

ရန်ကုန်နည်းပညာ တက္ကသိုလ်  (အဆင့်မြင့်)၊ ကျား(၅၀၀)၊ မ (၅၀၄)၊ 

မန္တလေး နည်းပညာ တက္ကသိုလ် (အဆင့်မြင့်)ကျား(၄၈၅)၊ မ (၄၉၇)၊ 

ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်(အဆင့်မြင့်) ကျား/မ (၄၇၃)၊ 

မန္တလေးကွန်ပျူတာ တက္ကသိုလ်(အဆင့်မြင့်) ကျား/မ (၄၅၀)၊ 

နည်းပညာ တက္ကသိုလ်ကျား (၃၆၀)၊ မ (၃၇၀)၊ 

ကွန်ပျူတာ တက္ကသိုလ် ကျား/မ (၃၆၅)၊ 

နည်းပညာ တက္ကသိုလ် (ရတနာပုံ ဆိုက်ဘာစီးတီး) ကျား (၄၆၇)၊ မ (၄၇၀)၊

မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ် ကျား(၄၈၇)၊ မ (၄၉၇)၊

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် ကျား/မ (၄၅၀)၊ 

ရန်ကုန်စီးပွားရေး တက္ကသိုလ် ကျား/မ (၃၈၃)၊ 

ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် (အင်္ဂလိပ်)၊ ကျား/မ (၄၉၂)၊ 

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်များ ဖြစ်သည့် -

(ဂျပန်) ကျား/မ (၄၆၉)၊
(တရုတ်) ကျား/မ (၄၆၆)၊
(ပြင်သစ်) ကျား/မ (၄၅၈)၊
(ကိုရီးယား) ကျား/မ (၄၅၅)၊
(ဂျာမန်) ကျား/မ (၄၅၃)၊
(ထိုင်း) ကျား/မ (၄၄၇)၊
(ရုရှား) ကျား/မ (၄၃၇)  မှတ်တို့ ဖြစ်သည်။ 

ယခုနှစ် ပညာသင်နှစ်တွင် ရန်ကုန်နှင့်မန္တလေး တက္ကသိုလ်များတွင် စတင်ဖွင့်လှစ်မည့် ဝိဇ္ဇာနှင့် သိပ္ပံ ဘာသာရပ် ၂၀ အတွက် သက်ဆိုင်ရာ ဘာသာရပ် အလိုက် အနိမ့်ဆုံး ဝင်ခွင့်သတ်မှတ်ချက်မှာ-

ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာ၊ သတ္တဗေဒ၊ ရုက္ခဗေဒ၊ ဘူမိဗေဒနှင့် ထုတ်ကုန် ဓာတုဗေဒဘာသာတို့၏ ရမှတ်ပေါင်း (၄၉၀)၊

နိုင်ငံတကာ ဆက်ဆံရေး ပညာ၊ ဥပဒေ၊ မြန်မာစာ၊ နိုင်ငံရေး သိပ္ပံဘာသာတို့၏ ရမှတ်ပေါင်း (၄၇၀)၊

ပထဝီ၊ သမိုင်း၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ မနုဿဗေဒ၊ ရှေးဟောင်းသုတေသန၊ အရှေ့တိုင်း ဘာသာတို့၏ ရမှတ်ပေါင်း (၄၃၀)၊

အင်္ဂလိပ်စာ ရမှတ်ပေါင်း (၅၀၀)၊

ကွန်ပျူတာ သိပ္ပံရမှတ် (၄၈၀) မှတ်ဖြစ်သည်ဟု သိရသည်။

အဆိုပါ ကျောင်းများတွင် ဘာသာရပ်တစ်ခုကို ကျောင်းသား ၁၅ ဦးစီနှင့် တက္ကသိုလ်တစ်ခုတွင် ကျောင်းသား ၃၀၀ ဦးစီ လက်ခံ သင်ကြားပေးသွားမည်ဟု သိရသည်။

Friday, August 2, 2013

Avator 2 ဇာတ်​ကားအတွက် ဇာတ်ညွန်းရေးသားပြီ

Avator 2 အတွက် ဇာတ်ညွန်းကို စတင်ရေးသားနေပြီ ဖြစ်ပါတယ်။ ထူခြား ချက်ကတော့ ဒီတစ်ခါ James Cameron တစ်ယောက်တည်းရဲ့  အိုင်ဒီယာ ကို မြင်တွေ့ရတော့မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ အတော်ဆုံး ဇာတ်ညွန်းရေး ဆရာများ လို့ သမုတ်ကြတဲ့ ထိပ်တန်း အနုပညာရှင်တွေ ပါဝင်လာလို့ ဖြစ်ပါတယ်။ 

Josh Friedman (War of the Worlds), Rick Jaffa နဲ့ Amanda Silver (Rise of the Planets of the Apes), Shane Salerno (Savages) အစရှိတဲ့ လေးဦးလည်း ပါဝင်ရေးသားမယ့် Avator ဒုတိယ တစ်ကားရဲ့  Script ဟာ ပထမ Avator ထက်အများကြီး ကောင်းမွန်မယ်လို့ မျှော်လင့် ထားကြ ပါတယ်။ ဇာတ်ညွန်းရေးသားပြီးရင် သရုပ်ဆောင်ရွေးပါမယ်။ ပြီးတော့ ရိုက်ကူးမှုကို ၂၀၁၄ ခုနှစ်နှစ်ဆန်းမှာစတင်မှာ ဖြစ်ပါတယ်။ ဒီတော့ ရုပ်ရှင်ကို ရုံတင်မယ့် ကာလက ၂၀၁၆ နှစ်လယ်လောက်ဖြစ်မယ်လို့ ခန့်မှန်းထား ပါတယ်။

သူတို့ ဆီမှာ ရုပ်ရှင်တစ်ကားအတွက် ရိုက်ကူးမှုကို ၂ နှစ်၊ ၃ နှစ်လောက် အချိန်ယူ တတ်ကြပြီး ဇာတ်ကားတစ်ခုလုံးဖြစ်မြောက်ဖို့အတွက် စတင် အုပ်မြစ် ချချိန်နဲ့ ရုံတင်တဲ့အချိန်မှာ ၈ နှစ် လောက်ကြာတဲ့အထိ ပြင်ဆင်မှု အကြီးစား များ ပြုလုပ်လေ့ ရှိပါတယ်။ ယင်း တစ်ကားတည်းကနေလည်း အမေရိကန် ဒေါ်လာ သန်းချီ ရရှိပြီး သန်းချီ ရင်းနှီး မြှုပ်နှံပါတယ်။ ဒါကြောင့် ဒုတိယ တစ်ကားအနေနဲ့ ထွက်ရှိမယ့် Avator 2 ဟာလည်း ကမ္ဘာ့ ဝင်ငွေ အကောင်းဆုံး စံချိန်တင်အုံးမယ်လို့ မျှော်လင့် ထားကြကြောင်း သိရပါတယ်။.
Ref: mashable
Credit to Tech Space

Sunday, June 23, 2013

အခြေခံမူလတန်းနှင့်အထက်တန်းကျောင်းများအကျမရှိသည့်စနစ်ကိုကျင့်သုံးရန်လွှတ်တော်တွင်ဆွေးနွေးမည်

အခြေခံပညာအတန်းများအားလုံး စာမေးပွဲအကျမရှိသည့်စနစ် ကျင့်သုံးရန် လွှတ်တော်တွင်ဆွေးနွေးမည်သူငယ်တန်းမှ အထက်တန်း ပြီးဆုံးသည်အထိ ကျောင်းသားများအားလုံး စာမေးပွဲအကျပေးခြင်း မရှိသော အမျိုးသား အဆင့်ပညာရေး မူဝါဒ သစ်တစ်ခုကို အောက်လွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် က ပေးပို့ထားသည်။
နိုင်ငံတဝန်းတွင်ဆွေးနွေးပွဲများ အကြိမ် ကြိမ်ဆောင်ရွက်ပြီးမှ ရရှိလာသည့် ရလဒ်ကို လွှတ်တော်သို့ တင်ပြလိုက်ခြင်းဖြစ်သည့် ''အမျိုးသားပညာရေးမူဝါဒ မူကြမ်း''သည် အောက်လွှတ် တော်၏ပညာရေးမြှင့်တင်မှု ကော်မတီမှ တစ်ဆင့် လွှတ် တော်သို့ တင်ပြမည်ဖြစ် သည်။ မူကြမ်းကို အမတ်များက ယခုလအတွင်း စတင် ကျင်းပမည့် လွှတ်တော်တွင် ဆွေးနွေးကြမည်ဖြစ်သည်။ကျောင်းသားများ အနေ ဖြင့် စာမေးပွဲများ ကျရှုံးမှုမရှိ သော်လည်း ''အတန်းအဆင့် အသီးသီးတွင် ဘာသာရပ် အားလုံး၊ သင်ခန်းစာအား လုံး သင်ယူတတ်မြောက်ပြီး ဖြစ်ရမည်''ဟုလည်း ယင်းမူဝါဒတွင် ဖော် ပြထားသည်။ယခုကျင့်သုံးနေသည့် နည်းစနစ်ကဲ့သို့ စာသင်နှစ်ကုန်ဆုံးချိန်တွင် ကျောင်းသားများ ကို စာမေးပွဲစစ်ဆေးခြင်း မပြုလုပ်တော့ဘဲ မူလတန်းနောက်ဆုံးနှစ်ဖြစ်သည့် စတုတ္ထ တန်းနှင့် အလယ်တန်းနောက်ဆုံးနှစ်ဖြစ် သည့် အဋ္ဌမတန်းတို့တွင်သာ နိုင်ငံလုံးဆိုင် ရာ အစိုးရစာမေးပွဲစစ်မည်ဟုလည်း မူဝါဒ သစ်တွင်ဖော်ပြထားသည်။ယင်းကဲ့သို့ အစိုးရစစ်စာမေးပွဲများ သည်ပင်လျှင် ကျောင်းသားများ၏ အောင်/ ရှုံးကို ဆုံးဖြတ်ရန်စစ်ဆေးခြင်း မဟုတ်ဘဲ ကျောင်းများ၏ စီမံခန့်ခွဲမှုနှင့် သင်ကြားမှု အ ရည်အသွေးကို စစ်ဆေးအကဲဖြတ်ရန်သာ ပြုလုပ်ခြင်းဖြစ် သည်ဟုလည်း ရေးသားထားသည်။
ပညာရေးမူကြမ်းကို ကမကထပြုရေးဆွဲ ကာ ပညာရေးပြုပြင်ပြောင်းလဲမှုနိုင်ငံလုံး ဆိုင်ရာကွန်ရက်တွင် ဦးဆောင် ပါဝင်နေသူ ဒေါက်တာသိန်းလွင်က ''ကလေးတွေ ငယ် တဲ့ဘဝမှာ ဆုံးရှုံးခြင်းဆိုတာမရှိစေချင်ဘူး။ စာမေးပွဲ မကျပေမယ့် စာလည်းတတ်ရမယ်။ ပြီးခဲ့တဲ့ကာလတွေတုန်းက ကျောင်းတွေမှာ စဉ်ဆက်မပြတ်အကဲဖြတ် ဆိုတဲ့စနစ်ကို သုံးခဲ့ဖူးတယ်။ ကျောင်းသားတွေ စာမေးပွဲတော့ မကျဘူး၊ ဒါပေမဲ့ စာတော့မတတ်ဘူး။ ကျွန် တော်တို့ပြောင်းချင်တာက စာပါတတ်ရမယ်'' ဟု ဆိုသည်။ဒေါက်တာသိန်းလွင်က ''ကျွန်တော် တို့ က သင်တဲ့နည်းပါပြောင်းမှာပါ။ ကလေးတွေ ကို အလွတ်ကျက်စေတဲ့ နည်းမဟုတ်ဘဲနဲ့ ကိုယ်တိုင်တွေးခေါ်စေတဲ့ နည်းကိုသုံးမှာ။ ဆရာက ဦးဆောင်ပြီး သင်ခန်းစာတစ်ခုချင်း စီမှာ ကျောင်းသားရဲ့ပါဝင်မှု၊ တတ်ကျွမ်းမှု၊ တွေးခေါ်မှု အဲဒါတွေကို စစ်သွားပြီးတော့ လိုအပ်ချက်ကို ဖြည့်ပေးသွားတဲ့ နည်းကိုသုံးမှာ'' ဟု ဆိုသည်။
ပညာရေးမူဝါဒသစ်တွင် ''အတန်းချ စနစ်မရှိသော်လည်း စာမတတ်ဘဲ အတန်း တက်သည့်စနစ်မျိုး မဟုတ်ပါ၊ ကျောင်းသား အားလုံးတတ်မြောက်စေရန် ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများဖြင့် သင်ကြားမည်'' ဟု လည်း ပါရှိသည်။ကျောင်းသားများကို စာမေးပွဲအကျ မပေးဘဲ စာတတ်စေသည့် စနစ်ကိုကျင့်သုံး နိုင်ရန် ကျောင်းဆရာများကို နည်းစနစ်များ ကောင်းမွန်စွာပေးရန်လိုအပ်သလို၊ အရည် အချင်းများလည်း မြှင့်တင်ရန်လိုကြောင်းလည်းဒေါက်တာသိန်းလွင်က ဆိုသည်။ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက်အဖွဲ့ဝင် ဒေါ်သူသူမာက ထို သို့ ကျောင်းသားများကို စာမေးပွဲအကျမပေး သည့်စနစ်ကျင့်သုံးရေးအတွက် မြန်မာအနှံ့ အပြားရှိဒေသ ၂၅ ခုတွင် ဆွေးနွေးကြစဉ်က ငြင်းခုံမှုများရှိခဲ့သည်ဟုလည်း ပြောသည်။သူမက ''စာမေးပွဲမရှိတော့တာမဟုတ် ပါဘူး။ စစ်ဆေးရေးပုံစံပြောင်းလဲလိုက်တာပါ။ လက်ရှိပညာရေးစနစ်မှာ ကျင့်သုံးတာက အဆုံးသတ်မှာစစ်ဆေးတာပါ။ တကယ်တမ်း တော့ ကလေးတွေကို စစ်ဆေးတဲ့အခါ သင် ယူနေစဉ်မှာစစ်ဆေးတာက ပိုပြီးတော့ ထိ ရောက်တယ်''ဟု ဆိုသည်။
အမျိုးသားပညာရေး မူ ဝါဒသစ်မူကြမ်းကို ဖြစ်ပေါ် လာရန်အတွက် ၂ဝ၁၂ ခုနှစ် အောက်တိုဘာလကတည်း က ရန်ကုန်မြို့တွင် စတင် ဆွေးနွေးခဲ့ပြီး တိုင်းနှင့်ပြည် နယ် အသီးသီးတွင် ဆွေးနွေး ပွဲ ၂၅ကြိမ်တိုင်ကျင်းပခဲ့သည်။ထိုဆွေးနွေးပွဲများတွင် ပညာရေးနှင့် ပတ်သက်၍ စိတ်ဝင်စားသူ၊ လှုပ်ရှား ဆောင်ရွက်နေသူ၊ ပညာရှင် နှင့် သက်ဆိုင်ရာ အာဏာ ပိုင်အဖွဲ့တို့မှ တက်ရောက်သူ စုစုပေါင်း ၃၂ဝဝ ကျော်ရှိခဲ့သည်။ထိုဆွေးနွေးပွဲများ၏ နောက်ဆက်တွဲ အဖြစ် ယခုလ ၈ ရက်နှင့် ၉ ရက်တို့တွင် ရန်ကုန်မြို့၌ ပညာရေးပြုပြင်ပြောင်း လဲရေး ဆိုင်ရာ ညီလာခံကို အပြီးသတ်ကျင်းပခဲ့ရာ လူဦးရေ ၁၃ဝဝ နီးပါးတက်ရောက်ခဲ့ပြီး ဆလုံ၊ ဝ အစရှိသည့် လူမျိုးစုများမှ ပုဂ္ဂိုလ် များပင် ဝင်ရောက်ဆွေးနွေးခဲ့သည်။အဆိုပါညီလာခံမှ ရရှိလာသော ရလဒ် အဖြစ် အမျိုးသားပညာရေးမူဝါဒသစ် မူ ကြမ်းထွက်ရှိလာခဲ့ခြင်းဖြစ်သည်။ ထိုမူကြမ်းတွင် ပညာရေးကဏ္ဍ ၁၃ ခု ပါဝင်ပြီး ကျောင်းဆရာ/မ များကို ဆရာဝန်၊ အင်ဂျင်နီယာနှင့် စစ်ဘက် အရာရှိများနှင့် တန်းတူ လစာပေးရေး၊ မူလတန်းပြ၊ အလယ် တန်းပြ၊ အထက်တန်းပြတို့ကို လစာတန်းတူပေးရေးနှင့် တက္ကသိုလ်အကြိုအဆင့်အတန်း များတွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ထည့်သွင်း သင်ကြားရေးတို့ပါ ပါဝင်သည်။
မဇ္ဈိမသတင်းဌာနှတစ်ဆင့်တင်ပြသည်...

Friday, June 21, 2013

မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက် သမားများ၏ နိဂုံး

မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက် သမားများ၏ နိဂုံး


အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့သည့် အကြမ်းဖက်မှုကို ရဲတပ်ဖွဲ့က အမြစ်ဖြတ် စုံစမ်း ဖော်ထုတ်လျက် ရှိရာ ယခုအခါတွင် အကြမ်းဖက်သမား ခုနစ်ဦးကို အသေ ဖမ်းဆီး နိုင်ခဲ့ပြီး အခြား ၁၃ ဦးကို အရှင်ဖမ်းဆီး ရမိထားပြီဟု ရဲတပ်ဖွဲ့က မေ ၉ ရက်တွင် ကြေညာခဲ့ရာ အကြမ်းဖက် သမားများ၏  နိဂုံးသည် မကြာမီ ချုပ်ငြိမ်းဖွယ် ရှိသည်ကို  တွေ့ရသည်။

ရဲတပ်ဖွဲ့သည် နိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ် ကီဘူမန် မြို့ရှိ နေအိမ် တစ်အိမ်ကို မေ ၈ ရက်က ညလုံးပေါက် ဝန်းရံခဲ့ပြီး နောက်တစ်နေ့ အစောပိုင်းတွင် အကြမ်းဖက် သမားများအား လက်နက်ချ အဖမ်း ခံရန် တောင်း ဆိုခဲ့သော်လည်း အကြမ်းဖက် သမားများက လက်မခံဘဲ ရဲတပ်ဖွဲ့အား သေနတ်ဖြင့် ပစ်ခတ် ခြင်း၊  လက်လုပ်ဗုံး များဖြင့် တိုက်ခိုက်ခြင်း တို့ကို  ပြုလုပ်ခဲ့သဖြင့် ရဲတပ်ဖွဲ့က ပြန်လည် ခုခံပစ်ခတ် ခဲ့ရာမှ နောက်ဆုံးတွင်  အကြမ်းဖက်သမား သုံးဦးအား အသေဖမ်းဆီး နိုင်ခဲ့ပြီး အခြား အကြမ်းဖက်သမား လေးဦးကို အရှင်ဖမ်းဆီး နိုင်ခဲ့သည်။
ယခု ဖမ်းဆီးရမိ ခဲ့သည့် အကြမ်းဖက် သမားများသည် လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ဖမ်းဆီးခံခဲ့ ရသော အကြမ်းဖက် သမားများနှင့် ဆက်စပ်မှုရှိ၊ မရှိကို ရဲတပ်ဖွဲ့က စစ်ဆေးလျက် ရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍  ဆက်လက်စုံစမ်း ဖော်ထုတ် သွားမည်ဟု ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးချုပ် ဘွိုင်းရာ ဖလီအေမာက ပြောကြားထားသည်။ အင်ဒို ရဲတပ်ဖွဲ့သည် အကြမ်းဖက်မှု တိုက်ဖျက် နှိမ်နင်းရေးကို  နိုင်ငံအတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက် ရှိရာ အနောက် ဂျာဗားရှိ  စီပါဆင်း ကျေးရွာမှ လက်နက် ပြုလုပ်သူ တစ်ဦးအား မေ ၇ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းထံမှ ရရှိသော သတင်းများ အရ နေရာဒေသ အနှံ့အပြားရှိ  အကြမ်းဖက် သမားများ၏ ပုန်းအောင်းရာ နေရာများကို ဝင်ရောက်စီးနင်း နိုင်ခဲ့ သည်။

အလားတူ လုံခြုံရေး တပ်ဖွဲ့ဝင် များသည် အကြမ်းဖက် သမားဟု ယူဆရသူ ငါးဦးအား မေ ၈ ရက်က ဂျကာတာ မြို့တော်နှင့် အနီးအနားရှိ ဒေသများ၌ ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်း များကိုပါ သိမ်းဆည်း နိုင်ခဲ့သည်။ အဆိုပါ အစွန်းရောက် အကြမ်းဖက် သမားများသည် မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်ခဲ့ရုံ သာမက ဂျကာတာ မြို့တော်၏ အကြီးမားဆုံး ဈေးကြီးဖြစ်သည့် ဂလိုဒေါ့ခ် ဈေးကိုလည်း မီးရှို့ ဖျက်ဆီးရန် စီစဉ်ခဲ့သည်။

အကြမ်းဖက် သမားများသည် ၎င်းတို့၏ ဗုံးခွဲ တိုက်ခိုက်မည့် မဟာ စီမံကိန်းကို အကောင်အထည် ဖော်နိုင်ရေး အတွက် ဘဏ်များကို ဓားပြတိုက်ခြင်းနှင့် အခြား ခိုးယူမှုများကို လုပ်ဆောင် ခဲ့ကြသည်ဟု အင်ဒိုနီးရှား အာဏာပိုင် များ၏ ပြောကြားချက် အရ ၎င်းအကြမ်းဖက် သမားများ၏ အကြံကြီး လှသည့်  လုပ်ဆောင်ချက်ကို ခန့်မှန်းသိရှိ နိုင်ပေသည်။ 

Credit to ရွှေတည်{မြ၀တီ}

Monday, May 13, 2013

နောက်ဆုံးရ MAHASEN မုန်တိုင်းသတင်း (ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ပြန်ရွေ့)

ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ပြန်ရွေ့
By mmweather.ygn, on May 13th, 2013
http://blog.mmweather.com/2013/05/13/cyclone-mahasen-track-update/

မေလ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၅း၃ဝ နာရီတွင် ရရှိသည့် JTWC မှ လမ်းကြောင်း ပုံဖေါ်ခန့်မှန်းချက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်းမှာ မြောက်ဘက်သို့ ပြန်လည် ရောက်ရှိသွားပြီး မုန်တိုင်းဗဟိုသည် မေလ ၁၆ ရက် ည မြန်မာစံတော်ချိန် ၂၄ဝဝ နာရီခန့်တွင် စစ်တကောင်းမြို့ မြောက်ဘက် ၈.၇၅ မိုင်ခန့် ကွာဝေးသည့် Salimpur မြို့အနီးမှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ အင်အားမှာ ပိုမိုကောင်းမွန်လာခြင်း မရှိပဲ အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ လာမည့် ၄၈ နာရီ(မေလ ၁၅ ရက် နေ့လည် ၁၂၃ဝ နာရီ)အတွင်း ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်းသိရပါသည်။

မုန်တိုင်း ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအကြွင်းအကျန်များသည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ မေလ ၁၈ ရက် နေ့လည် ၁၂၃ဝ နာရီအထိ ဆက်လက် တည်ရှိနိုင်ပြီး၊ ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့အား ဖြတ်သန်းကာ ကချင်ပြည်နယ် မိုးညှင်းမြို့တောင်ဘက်သို့တိုင် ရောက်ရှိနိုင်ကြောင်း၊ JTWC မှ ကုန်းတွင်း မုန်တိုင်းအဖြစ် လေတိုက်နှုန်း တစ်နာရီ 30 knots ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းပေးထားပါသည်။

ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN
13 May 2013 0600Z
Location: 11.8 86.4
Winds: 50 knots
Central Pressure: 985 hPa

Photo: ဆိုင်ကလုန်းမုန်တိုင်း MAHASEN လမ်းကြောင်း မြောက်ဘက်သို့ ပြန်ရွေ့
By mmweather.ygn, on May 13th, 2013
http://blog.mmweather.com/2013/05/13/cyclone-mahasen-track-update/

မေလ ၁၃ ရက် မြန်မာစံတော်ချိန် ညနေ ၁၅၃ဝ နာရီတွင် ရရှိသည့် JTWC မှ လမ်းကြောင်း ပုံဖေါ်ခန့်မှန်းချက်များအရ ဆိုင်ကလုန်းမုန်တိုင်း MAHASEN ၏ လမ်းကြောင်းမှာ မြောက်ဘက်သို့ ပြန်လည် ရောက်ရှိသွားပြီး မုန်တိုင်းဗဟိုသည် မေလ ၁၆ ရက် ည မြန်မာစံတော်ချိန် ၂၄ဝဝ နာရီခန့်တွင် စစ်တကောင်းမြို့ မြောက်ဘက် ၈.၇၅ မိုင်ခန့် ကွာဝေးသည့် Salimpur မြို့အနီးမှ ကမ်းခြေအား ဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ အင်အားမှာ ပိုမိုကောင်းမွန်လာခြင်း မရှိပဲ အဆင့်-၁(CAT-1) ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ လာမည့် ၄၈ နာရီ(မေလ ၁၅ ရက် နေ့လည် ၁၂၃ဝ နာရီ)အတွင်း ရောက်ရှိလာနိုင်မည် ဖြစ်ကြောင်းသိရပါသည်။

မုန်တိုင်း ကမ်းခြေသို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက် ကုန်းတွင်းမုန်တိုင်းအကြွင်းအကျန်များသည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားကာ မေလ ၁၈ ရက် နေ့လည် ၁၂၃ဝ နာရီအထိ ဆက်လက် တည်ရှိနိုင်ပြီး၊ ချင်းပြည်နယ်မြောက်ပိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး တို့အား ဖြတ်သန်းကာ ကချင်ပြည်နယ် မိုးညှင်းမြို့တောင်ဘက်သို့တိုင် ရောက်ရှိနိုင်ကြောင်း၊ JTWC မှ ကုန်းတွင်း မုန်တိုင်းအဖြစ် လေတိုက်နှုန်း တစ်နာရီ 30 knots ခန့် ရှိမည်ဖြစ်ကြောင်း ခန့်မှန်းပေးထားပါသည်။

    ဆိုင်ကလုန်းမုန်တိုင်း 01B MAHASEN
    13 May 2013 0600Z
    Location: 11.8 86.4
    Winds: 50 knots
    Central Pressure: 985 hPa

Template by:

Free Blog Templates