အိုင်ကွန် အဆင့်မြင့်ကွန်ပျူတာသင်တန်းမှ ကြိုဆိုပါတယ်....

Wednesday, January 23, 2013

ခံစားချက်နဲ့ ဘတ္ထရီ....

ကဲ ဒီနေ့တော့ ဘက်ထရီနဲ့ပက်သက်တဲ့ ဆော့ဖ်ဝဲအလန်းလေးတင်ပေးလိုက်ပါတယ်။ ဒီဆော့ဖ်ဝဲလေးက ဘက်တ္ထရီလက်ကျန်ကို ခံစားချက်ရှိရှိနဲ့ပြသပေးပါတယ်.. ဟဲ ခံစားချက်ချက်ရှိရှိဆိုလို့တစ်မျိုးမထင်နဲ့ဦး.. ဘတ္ထရီအားနည်းရင် နည်းသလို.. ဘတ္ထရီအားများရင် များသလို.. အမူအရာကလိုက်ပြောင်းသွားပါတယ်...
ကဲ လိုချင်ရင်တော့ ဒီမှာ ဒေါင်းလိုက်ပါ...

သူ့ကိုဖွင့်တဲ့နည်းကတော့ လက်ရှိစခရင်ပေါ်မှအစင်းလေးသုံးချောင်းနဲ့ မီနူးခလုတ်ကို နှိပ်ပါ။ ပြီးရင် ပေါ်လာတဲ့ မီနူးထဲကမှ (ဗားရှင်း 2.3.6 များအတွက်) Add >Add Widget > Emotion Batttery ကိုနှိပ်ပါ.. , (ဗားရှင်း4.0.များအတွက်) အောက်ခြေအလယ်ကောင်မှ ဆော့ဖ်ဝဲအားလုံးကိုဝင်ကြည့်နိုင်သော လေးထောင့်အတုံးလေးလေးတုံးကိုနှိပ်ပါ... ထိုအထဲမှာ ညာဆုံးကိုရောက်အောင် ဆက်တိုက်ရွှေ့သွားပြီး Emotion Battery စာသားနှင့်ပုံကိုရှာပါ၊ တွေ့လျှင် ထိုပုံပေါ်တွင်ကြာကြာလေးဖိနှိပ်ထားပါ။ ဖိနှိပ်ထား စခရင်ရဲ့ ဘယ်နေရာထားမှာလဲ ရွေးခိုင်းပါလိမ့်မယ်။ ကိုယ်ထားမယ့် နေရာကိုဖိနှိပ်ပြီးရွှေ့ပေးပါ။ ဒါဆိုရင် အဲဒီစခရင်ပေါ်မှာ ကျွန်တော်တို့ရဲ့ အသက်ရှိတဲ့ဘတ္ထရီလေးကိုတွေ့ရပါလိမ့်မယ်။ အတတ်နိုင်ဆုံးမြင်သာအောင်တော့ ရေးပေးထားပါတယ်။ ကြိုးစားကြည့်ပါဦးဗျာ....

No comments :

Post a Comment

လိုအပ်ချက်များကိုပြင်ဆင်နိုင်ရန် Comment ပေးခြင်းဖြင့်ကူညီပေးပါ....

Template by:

Free Blog Templates