ကျွန်တော်တို့ အင်တာနက်ကိုအသုံးပြုတဲ့အခါမှာ Website စာမျက်နှာတွေမှာ
သတင်းတွေ၊ နည်းပညာတွေ ဖတ်တာရှိသလို၊ အဝေးရောက်နေတဲ့ ဆွေမျိုးတွေ၊
မိတ်ဆွေတွေနဲ့ ဆက်သွယ်ပြောဆိုဖို့အတွက် Gtalk ကိုလည်း အသုံးပြုကြပါတယ်။
အဲလိုအသုံးပြုတဲ့နေရာမှာ ကွန်နက်ရှင်ကောင်းနေရင်တော့ ကိစ္စမရှိပါဘူး။
ဘယ်အချိန်ဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ် Gtalk ကို မျက်စိမှိတ်ဝင်လို့ရပါတယ်။
(ကျွန်တော်ဆီက အင်တာနက်ကွန်နက်ရှင်ကိုပြောပါတယ်...ဟီး...)
အဲ...ကွန်နက်ရှင်များမကောင်းဘူးဟေ့ ဆိုရင်တော့ စောင့်ပေတော့... ဟိ...
ဟိ....၊ (တို့မမကြီးတစ်ယောက်တော့ Online ပေါ်ကနေ ဘဲဘဲလေးများရမလားလို့ Gtalk
ထဲဝင် ချက်ပါတယ်...... အသက်သာ 40 ကျော်သွားတယ် ဘဲဘဲ ရော ငန်းငန်းရော
ဘာမှမရလိုက်ပါဘူးတဲ့..ဘာဖြစ်လို့လည်းလဲ မေးကြည့်တော့
ကွန်နက်ရှင်မကောင်းလို့ Gtalk ထဲဝင်မရလို့ပါတဲ့ ဟေ့..
ဟေ့...ဟေး...ကျွန်တော်ကြားဖူးတာကိုပြောတာနော်... ) ကဲ.. ကဲ
အဲလိုလေးတွေမဖြစ်ရအောင် ရိုးရိုး Gtalk ဆော့ဖ်ဝဲနဲ့ဝင်လို့မရဘူးဆိုရင်
ဒီလိုလေးဝင်လိုက်ပါ..... ။ Firefox ဘဲဖြစ်ဖြစ်၊ Internet Explorer
မှာဘဲဖြစ်ဖြစ် လိပ်စာဘားမှာ ဒီလိပ်စာလေးရိုက်ထည့်လိုက်ပါ။ www.karoolark.com (နာမည်လေးပေါ်မှာနှိပ်လိုက်ရင်လည်းရပါတယ်)
သူ့ရဲ့စာမျက်နှာလေးပေါ်လာပါလိမ့်မယ်။
ကဲ အဲဒီထဲက Gtalk singn in စာမျက်နှာလေးမှာ user name ၊ password
ရိုက်ထည့်ပြီး Talk လို့ရပါပြီဗျာ။
PS :
သိပြီသားလူများရှိသလို မသိသေးတဲ့လူများလည်းရှိပါတယ်။ ဒီ ပို့စ်လေးကို
မသိသေးတဲ့လူတွေနဲ့၊ ကျွန်တော်ဆီက Internet Sharing
ယူထားတဲ့သူတွေအတွက်ရည်ရွယ်ပါတယ်။
kpt:နောက်ထပ်ကြားရတဲ့သတင်းကတော့ ကွန်နက်ရှင်ကောင်းတော့
ReplyDeleteဘဲ၊ငန်းတုပ်ကွေးဖြစ်နေလို့ ကျန်းမာရေးဌာနကရှောင်ရန်သတိပေးထားလို့တဲ့...းး