Andriod Software ဖြစ်တဲ့ ဖုန်းထဲကိုသွင်းရတဲ့ apk ဖိုင်တွေဟာ သူတို့ရဲ့ဆော့ဖ်ဝဲပုံကို ကွန်ပျူတာထဲမှာ ပြမပေးနိုင်ပါဘူး။ အဲဒီအတွက် ဖုန်းဆော့ဖ်ဝဲတွေသွင်းဖို့ ကွန်ပျူတာမှာရှာတဲ့အခါမှာတော်တော် ဒုက္ခရောက်ပါတယ်။ ဒီဆော့ဖ်ဝဲလေးကတော့ အဲဒီဒုက္ခတွေကို ဖယ်ရှားပေးပါလိမ့်မယ်။ ဆော့ဖ်ဝဲ သွင်းပြီးသွားပြီဆိုရင် apk ဖိုင်တွေကို ကွန်ပျူတာထဲမှာ ပုံနဲုဲ့တကွ အလွယ်တကူ ရှာဖွေနိုင်ပါပြီ။ အားလုံးအဆင်ပြေနိုင်ကြပါစေ။ ဆော့ဖ်ဝဲလေးကို
ဒီမှာ http://www.mediafire.com/?a0evl3rzib26dfr ဒေါင်းပါ။ ရပြီဆိုရင် ရလာတဲ့ Zip ဖိုင်ကိုဖြည်လိုက်ပါ။ Zip ဖိုင်ကိုဖြည်လိုက်လို့ ရလာတဲ့ထဲကမှ install.bat ဆိုတဲ့ဖိုင်ကို ကလစ်နှစ်ချက်နှိပ်ပြီး Run လိုက်ပါ။ သူ့ဘာသူ အလိုလျောက်သွင်းပေးသွားပါလိမ့်မယ်။
|
Software သွင်းလျှင်မြင်ရသောပုံ | |
| |
| |
| |
| |
| |
|
|
|
သွင်းပြီးသွားပြီဆိုရင် အပေါ်ကပြထားတဲ့ပုံအတိုင်းပေါ်လာပါလိမ့်မယ်။ ကြိုက်တဲ့ခလုတ်တစ်ခုသာ နှိပ်လိုက်ပါ။ အဲဒီဘောက်စ် ပျောက်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ ကွန်ပျူတာထဲမှာ apk ဖိုင်ကိုအဆင်ပြေပြေနဲ့ကြည့်လို့ရပါပြီ။
No comments :
Post a Comment
လိုအပ်ချက်များကိုပြင်ဆင်နိုင်ရန် Comment ပေးခြင်းဖြင့်ကူညီပေးပါ....